အကြမ်းဖက်မှုမှာ မြို့လူထုပါဝင်ခြင်း မရှိလို့ တောင်ကုတ်မြို့ခံပြော

ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှာ ဥပဒေမဲ့ မင်းမဲ့စရိုက်ဆန်ဆန် ဖြစ်ပွားသွားမှုမှာ တောင်ကုတ်မြို့လူထုပါဝင်ပတ်သက်မှု မရှိဘဲ တရားဥပဒေစိုးမိုးမှု မရှိတဲ့အတွက် ဖြစ်ပွားရတာလို့ ဒေသခံတွေက ပြောပါတယ်။
2012-06-07
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ

လူမြင်ကွင်းမှာ နာရီနဲ့ချီဖြစ်ပွားသွားတဲ့ သတ်ဖြတ်မှုမှာ တာဝန်ရှိသူတွေက ကြိုတင်တားဆီးရင် အခြေအနေအခုလောက်ဆိုးဝါးမှာ မဟုတ်ဘူးလို့ တောင်ကုတ်မြို့နယ် NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးခင်လှက ထောက်ပြပါတယ်။

"သေဆုံးသွားတဲ့လူတွေကို လူသားချင်း စာနာတဲ့အနေနဲ့ ကရုဏာသက်တယ်ပေါ့ဗျာ။ ဖြစ်မှဖြစ်ရလေ၊ ဒီလိုမျိုးမလုပ်သင့်ဘူး။ ဒါဟာဒီလိုပဲရှိကြတာပဲ။ ဥပဒေစိုးမိုးမှုလိုအပ်တယ်။ ဥပဒေစိုးမိုးမှု မရှိလို့ အဲတာအဓိကပါပဲ။ ဒီဥပဒေကို ကိုယ်တွယ်တဲ့ သူတွေက တိတိကျကျ တာဝန်သိသိနဲ့ ဆောင်ရွက်လို့ရှိရင် ဒီလိုဆိုးဆိုးဝါးဝါး အခြေအနေတွေ ဖြစ်မလာပါဘူး"

ဒီလိုဖြစ်သွားတဲ့အတွက် သံတွဲကနေ ရန်ကုန်ကို သွားဖို့ပဲဖြစ်ဖြစ်၊ ရန်ကုန်ကနေ သံတွဲပြန်ဖို့ပဲဖြစ်ဖြစ် လမ်းမှာ တောင်ကုတ်ကို မဖြစ်မနေ၀င်ရတဲ့ အဝေးပြေးယာဉ်တွေကို အားကိုးနေရတဲ့ သံတွဲက အစ္စလာမ်ဘာသာဝင်တွေ ခရီးသွားလာရေးအတွက်လည်း အခက်အခဲရှိသွားတယ်လို့ ဆိုပါတယ်။

အစ္စလာမ်ဘာသာဝင်တွေဟာ အရင်က ခရီးသွားခွင့်ဗီဇာရဖို့ အခက်အခက်ရှိခဲ့ပြီး ဦးသိန်းစိန်အစိုးရ လက်ထက်မှာ အဆင်ပြေလာကာမှ နောက်ထပ်စိုးရိမ်စရာ ထပ်တိုးလာတယ်လို့လည်း ပြောကြပါတယ်။

တောင်ကုတ်နဲ့ သံတွဲမြို့ခံတွေ အချင်းချင်းလည်း အထင်လွဲစရာတွေ ဖြစ်လာရပြီး သံတွဲနည်းပညာကောလိပ်ကို ၁၀ ရက် ပိတ်လိုက်တဲ့အတွက် တောင်ကုတ်က ကျောင်းသားတွေ နေရပ်ပြန်လာကြရတယ်လို့ ဦးခင်လှက ပြောပါတယ်။

ရမ်းဗြဲမြို့နယ်၊ ကျောက်နီမှော်ကျေးရွာအုပ်စု၊ သပြေချောင်းရွာက အမှု၊ တောင်ကုတ်ဖြစ်ရပ်နဲ့ စစ်တွေမြို့ပစ်ခတ်မှုတွေနဲ့ ပတ်သက်ပြီး အမှုမှန်ပေါ်ပေါက်ရေးနဲ့ တရားဥပဒေနဲ့အညီ အရေးယူနိုင်ရေးအတွက် ပြည်ထောင်စုအစိုးရအဖွဲ့က စုံစမ်းစစ်ဆေးရေးအဖွဲ့ မနေ့က ဖွဲ့စည်းလိုက်ပါတယ်။ လတ်တလော တောင်ကုတ်မြို့အခြေအနေ အေးအေးဆေးဆေး ရှိနေတယ်လို့လည်း သိရပါတယ်။

ဖြစ်ပျက်ခဲ့တဲ့ အခြေအနေများကို တောင်ကုတ်မြို့နယ် NLD အတွင်းရေးမှူး ဦးခင်လှကို ဒေါ်စမ်းစမ်းတင်က ဆက်သွယ်မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
ကွန်မင့်များ (5)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်

အမည်မဖော်လိုသူ

အဲဒီအကြမ်းဖက်သမားတွေကိုအခုထိစုံစမ်းမဖေါ်ထုတ်နိုင်တာလား တမင်တကာဖုံးကွယ်ထားတာလား

Nov 27, 2012 01:47 AM

အမည်မဖော်လိုသူ

Dear Mr Khin Hla, why are you keeping silent after many Arakanese people were killed and murdered? I hope you have known what happening in Maung Daw and Site Tway and others areas.

Jun 10, 2012 11:38 AM

မောင်မင်း

နေရပ်- ရန်ကုန်

တောမြို့ကလေး တမြို့ပါ ဘယ်ကလူတွေ လာလုပ်လဲ မသိဘူးတဲ့ ဒီမိုကရေစီ ကို အဲလိုပဲ သွားမှာလား

Jun 08, 2012 10:07 AM

ဗမာ၊ ဗုဒ္ဓဘာသာစစ်စစ်

နေရပ်- ရန်ကုန်

မြို့လူထုမပါ ရင် အဲဒီ ရာနှင့်ချီ တဲ့လူအုပ်ကြီးက ဥစ္စာစောင့်များလို ရုတ်တရက်ပေါ်လာပြီး ရုတ်တရက်ပြန်ပျောက်သွားပါသလား?
မိမိလူမျိုး မတရားလုပ်တာကိုတော့ အားလုံးဝိုင်းပြီး ဖုံးဖိတတ်ကြပါသလား။ စိတ်မကောင်းပါဘူး ပြောရုံနဲ့မလုံလောက်ပါ။
မတရားမှုကို မတရားမှန်းသိသိနဲ့ ၀ိုင်းကူ ဖုံးကွယ်ပေးခြင်းသည်လည်း အလိုတူအလိုပါပဲဖြစ်ပါတယ်။ ဒီလောက်များတဲ့လူတွေထဲက တစ်ယောက်မှမမိဘူး ဆိုတာ ဘယ်လိုမှမယုံပါ ခင်ဗျား။

Jun 08, 2012 03:44 AM

mong pru

နေရပ်- Chittagong

We must consider the fact that the entire incident was masterminded by the local military authority who instigated the muslim youths to rape and kill the teenager. though there has not been any testimony to prove this, fingers are now being pointed at the Tatmadaw, which to derive profit made the thugs to act in a beastly manner

Jun 08, 2012 02:58 AM

မှတ်ချက်အားလုံးကို ဖတ်ရှုရန်.