အလုပ်ရုံဆွေးနွေးပွဲ မြင်ကွင်း ပြန်လည်သင့်မြတ်ရေး လမ်းစအဖြစ် မြင်

နေပြည်တော်မှာ ကျင်းပတဲ့ စီးပွားရေး ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဒုတိယနေ့ ကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့တဲ့အတွက် ဆွေးနွေးပွဲ မှာ ရှိနေတဲ့ အစိုးရဝန်ကြီးတွေ၊ နိုင်ငံရေး စီးပွားရေး ခေါင်းဆောင်တွေ အားလုံး အံ့သြဝမ်းသာ ဖြစ်ခဲ့ရပြီး ဒီမြင်ကွင်းအပေါ် အမျိုးသား ပြန်လည်သင့်မြတ်ရေး လမ်းစ တခုအဖြစ် ရှုမြင်ခဲ့ကြတယ်လို့ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပြောပါတယ်။

0:00 / 0:00

အခုလို စီးပွားရေး ဆွေးနွေးပွဲကနေ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး ဆွေနွေးပွဲတွေအထိ ဆက်လက် ပေါ်ပေါက်လာဖို့ မျှော်လင့်မိကြောင်းလည်း သူက ပြောပါတယ်။

ဒေါက်တာအေးမောင်ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ်မေးမြန်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်ယူရန်။