RNDP ပါတီ ပထမအကြိမ် ညီလာခံ ကျင်းပမည်

RNDP ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီရဲ့ ပထမအကြိမ် ညီလာခံကို ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ မနက်ဖြန်က စတင်ပြီး ဇွန်လ (၁) ရက်နေ့အထိ (၃) ရက်ကြာ ကျင်းပသွားမယ်လို့ သိရပါတယ်။

၂၀၁၂ ခုနှစ် မေလ ၂၉ ရက်က ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် RNDP ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ပထမအကြိမ် ညီလာခံ အကြိုညှိနှိုင်းဆွေးနွေးပွဲ ပြုလုပ်နေစဉ်။
၂၀၁၂ ခုနှစ် မေလ ၂၉ ရက်က ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် RNDP ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ပထမအကြိမ် ညီလာခံ အကြိုညှိနှိုင်းဆွေးနွေးပွဲ ပြုလုပ်နေစဉ်။ (RFA)

RNDP ပါတီကို စနစ်တကျ ပြန်လည်ဖွဲ့စည်းတည်ထောင်လိုတဲ့အတွက် ဒီညီလာခံကို ကျင်းပရတာ ဖြစ်တယ်လို့ ပါတီ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က ပြောပါတယ်။

ဒီညီလာခံကို ရန်ကုန်တိုင်းနဲ့ ရခိုင်ပြည်နယ် (၁၇) မြို့နယ်က RNDP လွှတ်တော်အမတ်တွေ အပါအဝင် ကိုယ်စားလှယ်ပေါင်း (၂၀၀) လောက် တက်ရောက်မယ်လို့ သိရပါတယ်။

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီကို ၂၀၁၀ ခုနှစ်အတွင်း တည်ထောင်ခဲ့တာဖြစ်ပြီး၊ လောလောဆယ် ပါတီဝင် အင်အား ငါးသောင်းလောက် ရှိတယ်လို့ သိရပါတယ်။ ဒီအတောအတွင်း RNDP ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီနဲ့ ALD ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်တို့ ပူးပေါင်းနိုင်ရေးအတွက် ကြိုးပမ်းမှုတွေ စတင်လုပ်ဆောင်နေပြီလို့ သိရပါတယ်။

ရခိုင်ပါတီနှစ်ခု ပူးပေါင်းနိုင်ရေး အလားအလာတွေနဲ့ ပတ်သက်လို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

0:00 / 0:00