အကြမ်းဖက်မှုမှာ ပါဝင်ပတ်သက်မှု ရှိတယ်ဆိုပြီး ဆူပူမှုနဲ့ အမှုဖွင့်ပြီး စစ်တွေထောင်မှာ ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရပါတယ်။ အခု ဖမ်းဆီးခံထားရသူတွေဟာ အကြမ်းဖက်မှုမှာ ပါဝင်ပတ်သက်ခြင်း မရှိဘဲ ဆူပူမှုကို တားဆီးခဲ့သူတွေသာဖြစ်တယ်လို့ RNDP ပါတီ ပြောခွင့်ရသူ ဦးခိုင်ပြည်စိုးက အခုလိုပြောပါတယ်။
"စစ်တွေရဲစခန်းမှာ ဖြစ်တဲ့ပြဿနာမှာ ကျွန်တော်တို့ပါတီက တာဝန်ရှိပုဂ္ဂိုလ်တွေက ရုန်းရင်းဆန်ခတ်ဖြစ်မှာစိုးလို့ ရှေ့ကနေ လူထုနဲ့ရဲတွေရဲ့ကြားမှာ ကျွန်တော်တို့က ဝင်ပြီးတော့ ဖြန်ဖြေပေးတယ်။ ပထမပိုင်းမှာကတော့ ဖြန်ဖြေတာပေါ့နော်။ နောက်ပိုင်းမှာလူထုကို ထိန်းလို့မနိုင်တဲ့အခါမှာ ကျွန်တော်တို့ပါတီကလူတွေက လွှတ်ပေးလိုက်တယ်။ အဲဒီမှာနည်းနည်း ရုန်းရင်းဆန်ခတ်တွေ ဖြစ်သွား တယ်လေ။ ခဲနဲ့ပေါတ်တာတို့၊ ဘာတို့။ ဒါပေမဲ့ကျွန်တော်တို့ ပါတီကလူတွေက စခန်းထဲကိုဝင်နေကြတယ်။ အပြင်ကိုထွက်လာတဲ့ လူတွေလည်းရှိတယ်။ အဲဒီဟာကို ဓာတ်ပုံမှာမြင်ပြီးတော့ ဒီလူတွေက ရုန်းရင်းဆန်ခတ်ကို ဖန်တီးတဲ့လူတွေဆိုပြီးတော့ အဲဒီလိုထင်ကြေးနဲ့ ဖမ်းတဲ့ဟာ၊ ဒါပေမဲ့တကယ့်တော့ ဒီပုဂ္ဂိုလ်တွေက ရဲစခန်းကို ကာဗာပေးတဲ့လူတွေဖြစ်တယ် ဆိုတာကို ပြည်နယ်အစိုးရကလည်း သိတယ်။ ရဲစခန်းတာဝန်ရှိ ပုဂ္ဂိုလ်တွေကလည်း သိတယ်"
အဲဒီ RNDP ပါတီဝင် ၄ ဦးကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဖမ်းဆီးသွားတာဖြစ်ပြီး စစ်တွေမြို့ အမှတ် (၁) ရဲစခန်းမှာ ပထမထိန်းသိမ်းထားခဲ့ပြီးနောက် စစ်တွေအကျဉ်းထောင်ကို ပို့ဆောင်ထားကြောင်း သိရပါ တယ်။
ရခိုင်ပြည်နယ်က အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး စစ်တွေမြို့မှာ ဖမ်းဆီးခံရသူ ၉ ဦးရှိနေပြီး ကျောက်တော်မြို့မှာ ၁၁ ဦးရှိကြောင်း သိရပါတယ်။
