ARU အဖွဲ့ခေါင်းဆောင် Dr Wakar Udin နဲ့ ဆက်သွယ်ရေး အရာရှိ Nurul Islam တို့ ပူးတွဲ လက်မှတ်ရေးထိုးထားတဲ့ သတင်းထုတ်ပြန်ချက်မှာ ရိုဟင်ဂျာတွေကို တရားမဝင် အခြေချလာတဲ့ ဘင်္ဂါလီတွေလို့ သမ္မတ ဦးသိန်းစိန်က စွပ်စွဲပြောဆိုတာ တကယ်တော့ အခြေအမြစ် ကင်းမဲ့လှပါတယ်လို့ ရေးသား ဖော်ပြထားပါတယ်။
ဒါ့အပြင် မကြာသေးခင် ကာလပိုင်းက ဘင်္ဂါလီ ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက် တိုက်ခိုက်ခဲ့တာတွေနဲ့ ရခိုင်ပြည်နယ်အတွင်း သူတို့ကို အခုအခါ အစုအပြုံလိုက် ဖမ်းဆီးနှိပ်စက် နေတာတွေကို စုံစမ်းနိုင်အောင် ကုလသမဂ္ဂအဖွဲ့ အနေနဲ့ စစ်ဆေးရေး အဖွဲ့တွေ စေလွှတ်ပေးဖို့ အဲဒီ ARU သတင်း ထုတ်ပြန်ချက်မှာ တိုက်တွန်းထားပါတယ်။
