ရိုဟင်ဂျာကိစ္စ ဖိအားပိုမိုပေးဖို့ OIC ထုတ်ပြန်

အဖွဲ့ဝင်နိုင်ငံ ၅၇ နိုင်ငံပါဝင်တဲ့ OIC ခေါ် အစ္စလာမ်မစ် ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ရဲ့ အစ္စလာမ်မစ် သွေးစည်းညီညွတ်ရေး ညီလာခံကို ဆော်ဒီအာရေဗျနိုင်ငံ မက္ကာမြို့မှာ မနေ့က ကျင်းပပြီးစီးခဲ့ရာ မြန်မာနိုင်ငံက ရိုဟင်ဂျာကိစ္စနဲ့ ပတ်သက်လို့ ဖိအား ပိုမိုပေးဖို့ ဆွေးနွေးခဲ့ကြောင်း OIC ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
2012-08-16
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ

OIC အဖွဲ့ဝင် မဟုတ်တဲ့ နိုင်ငံတွေက အစ္စလာမ် အသိုင်းအ၀ိုင်းတွေ၊ အဲဒီအသိုင်းအ၀ိုင်းတွေကို အမှန်တကယ် ကိုယ်စားပြုသူတွေနဲ့ ပြောဆိုဆွေးနွေးဖို့ အရေးကြီးကြောင်း၊ ဒါမှသာ သူတို့ရဲ့အခွင့်အရေးတွေ ကာကွယ်နိုင်မှာဖြစ်ပြီး အခြေအနေတွေကို အနီးကပ် စောင့်ကြည့်နိုင်မှာ ဖြစ်ကြောင်း၊ ဒီကိစ္စနဲ့ဆက်နွယ်ပြီး မြန်မာနိုင်ငံက ရိုဟင်ဂျာ မူဆလင်တွေအပေါ် မြန်မာအစိုးရက အကြမ်းဖက် ဖိနှိပ်နေတာတွေဟာ နိုင်ငံတကာ လူ့အခွင့်အရေးစံတွေ အပါအ၀င် ကိုယ်ကျင့်သိက္ခာဆိုင်ရာ စံတွေနဲ့ မကိုက်ညီတဲ့အတွက် ရှုတ်ချကြောင်းလည်း ဖော်ပြပါတယ်။

ဒါ့ပြင် အဖွဲ့အစည်း အားလုံးနဲ့အတူ ပူးပေါင်းပြီး ဒုက္ခသည်တွေဆီကို လူသားချင်း စာနာရေး အကူအညီတွေ အပြည့်အ၀ ရောက်ရှိခွင့်ပြုဖို့ ရိုဟင်ဂျာတွေကို နိုင်ငံသားဖြစ်ခွင့် ပြန်ပေးဖို့ မြန်မာအစိုးရကို တိုက်တွန်းကြောင်း မြန်မာအစိုးရနဲ့ သံတမန်ရေး၊ နိုင်ငံရေး၊ စီးပွားရေး အဆက်အသွယ်ရှိတဲ့ OIC အဖွဲ့ဝင် နိုင်ငံတွေအနေနဲ့ အဲဒီ ဆက်ဆံမှုတွေကို အသုံးချပြီး ရိုဟင်ဂျာတွေအပေါ် ဖိနှိပ်နေတာတွေကို ရပ်ဆိုင်းအောင် မြန်မာအစိုးရကို ဖိအားပေးကြဖို့ တိုက်တွန်းကြောင်း OIC အဖွဲ့ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကွန်မင့်များ (5)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်

(

SORRY WE ALL MYANMAR CAN NOT ACCEPT THIS RYOHINJA.BETTER SHARE TO ALL ISLAMIC COUNTRY.

Aug 18, 2012 10:25 AM

ကျော်

နေရပ်- ဂျပန်

ဒီ RFA ဆို တဲ့ သတင်း ဌာ န ဟာ သတင်း ရေးသားရာ မှာ အစိုးရကို ဆန့် ကျင် တိုက် ခိုက် တဲ့ သတင်း တွေကို သာ ဖိအားပေး ရေးနေတာ တွေ့ ရတယ်။ သတင်း ကို သတင်း အဖြစ် ဖေါ် ပြတာ မဟုတ်ဘဲ အစိုးရ ရဲ့ လုပ်ရပ် မှန်သမျကို တိုက်ခိုက် ရေးသားနေတယ် ဆို တာ သတင်းတွေကို ကြည့် ယုံနဲ့ သိသာနေတယ်။

Aug 18, 2012 10:21 AM

အမည်မဖော်လိုသူ

ရိုဟင်ဂျာတွေအားလုံးသူတို့ဆီပို့ပေးလိုက်ဒီလောက်ချစ်နေရင်။

Aug 18, 2012 10:18 AM

မျိုးချစ်

မကောင်းကျောင်းပို့နေတာ
သူ့ပထွေးတွေ သူတို့ဆီလာမှာစိုးလို့ တို့မြန်မာကို ချောက်ချနေတာ

Aug 18, 2012 10:14 AM

(

OIC neglect the realism, but they drive the world what they intend to do and what they wanted. Clearly I said hestitately the realism, OIC put their spies in every associations of UN and organizations of world and control the world. What I wonder is they try to control the world by money, most of the industry countries obey their request ( soft order) with out any references. Now world has 2nd largest population they have made after 2nd WW.Those population will be double in next ten years. They don't care the trouble of world, other word is they are trying to destroy the world by their population.

Aug 18, 2012 10:12 AM

မှတ်ချက်အားလုံးကို ဖတ်ရှုရန်.