ဘင်္ဂါလီရိုဟင်ဂျာအတွက် ဒေါ်လာ သန်း ၅ဝ ကူညီဖို့ ဆော်ဒီဘုရင် အမိန့်ထုတ်ပြန်

မြန်မာနိုင်ငံက ဘင်္ဂါလီ ရိုဟင်ဂျာတွေအတွက် ဆော်ဒီအာရေးဗီးယား ဘုရင် Abdullah က အမေရိကန်ဒေါ်လာ သန်း ၅၀ အကူအညီပေးဖို့ မနေ့က အမိန့်ထုတ်ပြန်လိုက်ပါတယ်။
2012-08-13
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ

ဆော်ဒီအာရေးဗီးယား အစိုးရ သတင်းဌာနက ရိုဟင်ဂျာ မူဆလင်တွေဟာ လူမျိုးတုန်း သတ်ဖြတ်မှုတွေ၊ အဓမ္မ ပြောင်းရွှေ့ခံရမှုတွေ၊ အဓမ္မ ပြုကျင့်ခံရမှုတွေ အပါအ၀င် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ခံနေရတယ်လို့ ပြောဆိုကြောင်း သိရပါတယ်။

တခြားသတင်း တစ်ပုဒ်မှာတော့ မြန်မာနိုင်ငံက မူဆလင် ရိုဟင်ဂျာ အရေးကို စိုးရိမ်ကြတဲ့ ဗြိတိန်အပါအ၀င် တခြားနိုင်ငံတွေအနေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုပဲ ဖိအားပေးနေတာမျိုး မဟုတ်ပဲ မြန်မာအစိုးရနဲ့ တိုက်ရိုက် ပြောဆိုကြဖို့ ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ် Mrs. Sheikh Hasina က ပြောလိုက်ပါတယ်။

ဒီအတောအတွင်း ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) က မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တောမတ်စ် ကင်တားနား (Tomas Qintana) ရဲ့ မြန်မာပြည် ခရီးစဉ်အပြီး ရခိုင်ပြည်နယ်အရေး ပြောဆိုချက်တွေကို ကန့်ကွက်လိုက်ပါတယ်။

သြဂုတ်လ ၁၂ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ RNDP ရဲ့ကြေညာချက်တွေထဲမှာ 'ရိုဟင်ဂျာ'ဆိုတဲ့ စကားလုံးကို တောမတ်(စ်) ကင်တားနားက သုံးနှုန်းပြောဆိုတာဟာ ရခိုင်လူမျိုးတွေရဲ့ သမိုင်း အစဉ်အလာနဲ့ ဖြစ်တည်မှုကို အသိအမှတ်မပြုရာ ရောက်နေတဲ့အတွက် အဲဒီ စကားလုံးကို သုံးနှုန်းခြင်းမပြုဖို့ တိုက်တွန်းထားကြောင်း ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) အတွင်းရေးမှူး ဦးခိုင်ပြည်စိုးက RFA ကို ပြောပါတယ်။

"မစ္စတာ ကင်တားနား ပြန်သွားတဲ့ အခါမှာ လေယာဉ်ကွင်းမှာ သတင်းစာရှင်းလင်းပွဲ လုပ်သွားတယ်လေ။ အဲဒီသတင်းစာရျင်းလင်းပွဲမျာ "ရိုဟင်ဂျာ" ဆိုတဲ့ ဟာကို သုံးသွားတဲ့ အချက်တစ်ချက်ရယ်၊ ခွဲခြားဆက်ဆံခြင်း ခံနေရတယ်ဆိုတဲ့ အချက်တစ်ချက်ရယ်၊ ၁၉၈၂ ဥပဒေကို ပြန်လည် သုံးသပ်သင့်တယ်ဆိုတဲ့ အချက် ၃ ချက်၊ ကင်တားနားပြောသွားတဲ့ အချက် ၃ ချက်ပေါ့ဗျာ။ အဲဒီအချက် ၃ ချက်ကို ကျွန်တော်တို့က ကန့်ကွက်တဲ့ အနေနဲ့ သဘောထား ထုတ်ပြန်တာပါ"

၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေ (Burma Citizenship Law) ကို ပြန်လည် သုံးသပ်ပေးရန်ဆိုတဲ့ တောင်းဆိုခြင်းနဲ့ ပတ်သက်လို့လည်း နိုင်ငံတစ်နိုင်ငံရဲ့ အတည်ပြု ပြဋ္ဌာန်းထားတဲ့ ဥပဒေကို လေးစားလိုက်နာဖို့ တိုက်တွန်းကြောင်း၊ ဒါ့အပြင် မစ္စတာ ကင်တားနားဟာ ပဋိပက္ခ ဇာစ်မြစ်ကို တစ်ဖက်သတ်အမြင်နဲ့ ဖိအားပေး ပြောဆိုခြင်းကြောင့် အဖြစ်မှန်တရား ပေါ်ထွက်နိုင်စရာ အကြောင်း မရှိတဲ့အတွက် ကမ္ဘာ့ကုလသမဂ္ဂ အနေနဲ့ သမာသမတ်ကျတဲ့ အထူး ကိုယ်စားလှယ်တစ်ဦး ပြောင်းလဲ တာဝန်ပေးအပ်ဖို့ တောင်းဆိုကြောင်း RNDP ပါတီရဲ့ ကြေညာချက်မှာ ဖော်ပြ ထားပါတယ်။

ကွန်မင့်များ (5)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်

မငယ်

No need to argue about this event @ CALL ALL ROHINGER TO ur country Ok !

Aug 18, 2012 10:42 AM

အမည်မဖော်လိုသူ

Burma is Buddhist country, although other religions are free to practise. But, only the Mulims minority want to give problem in our land. If you all Muslims brotherhood think Bangali Rohingas is suffering, please take them all to your countries. You have no right to insult Buddhist Monks and Rakhine people.

Aug 17, 2012 09:03 AM

Tun Khin

King of Saudi must bring all of Rohingers.
They have a lot of Free Land.
Pls give advice,.

Aug 14, 2012 11:01 AM

koraunghfee

နေရပ်- yangoon

it is inhumanity to say to hand over own wife to the donor so that donor aid more. .please come into lightened world of technology. get out from darkened world. we are the native race of rakhine state with evident documents since immemorial decades. we never want to go out leaving our homeland. we are watching the situation of burmese authorities when we will move against them then many of buddhsit will face sufferings so we dont want into war as our religion instruct us peace. it isthe speech of racist to say to take the rohingyas as saudi citizens who are trying to massacre all ethnic minorities ethnocentrically.

Aug 14, 2012 09:49 AM

အမည်မဖော်လိုသူ

နေရပ်- Myanmar

တကယ်ကူညီချင်ရင် ဆော်ဒီ နိုင်ငံကိုခေါ်သွားခိုင်းလိုက်ပါလား..

Aug 14, 2012 06:39 AM

Ko Albert

နေရပ်- Singapore

OK! King of Saudi aids only to the illegal Muslim immigrants from Bangladesh. It's not not for the native Rhkhine people. So all illegal immigrants MUST be put in the Refugee Camps. Eat damn all donations from Muslim countries.

Aug 18, 2012 08:48 AM

မှတ်ချက်အားလုံးကို ဖတ်ရှုရန်.