ဘေဒူဖ ဒုက္ခသည်စခန်းမှာ ကျန်းမာရေးဆိုးရွား

ရခိုင်ပြည်နယ် စစ်တွေမြို့နဲ့ ၅ မိုင်ကျော် ကွာဝေးတဲ့ ဘေဒူဖ ဘင်္ဂါလီ ရိုဟင်ဂျာ ဒုက္ခသည်စခန်းမှာ အစာအဟာရ ပြတ်လတ်မှုနဲ့ ကျန်းမာရေးအခြေအနေ ဆိုးရွာနေတာကြောင့် ကလေးသူငယ်နဲ့ လူကြီးတွေအပါအ၀င် သေဆုံးသူတွေ ရှိနေတယ်လို့ စုံစမ်း သိရှိရပါတယ်။
2012-08-13
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ

ဝမ်းပျက် ၀မ်းလျောနဲ့ သွေးလွန်တုတ်ကွေး ကူးစက်ရောဂါတွေ ခံစားနေရပြီး သေဆုံးသူ ဦးရေ ၁၀ ဦးကျော်ရှိပြီလို့ ဒုက္ခသည်တစ်ဦးက ပြောပါတယ်။

"ကျွန်မတို့ဆီမှာလေ တဲတွေ၊ အများအားဖြင့် ဒုက္ခရောက်တာကတော့ တဲတွေပေါ့နော်။ တဲတွေက မြေစိုက်ဆိုတော့ အောက်မှာ အခင်းမရှိဘူး။ မိုးကလည်း တအားရွာတယ်။ နောက်တဲတွေက မိုးလည်းယိုသေးတယ်၊ အပေါ်ကနေ မိုးလည်းမလုံဘူး။ အပေါ်ကလည်း မိုးယို၊ အောက်ကလည်း မိုးစိုဆိုတော့ ကလေးတွေ အအေးမိပြီးတော့ ဖောရောင်နေတာတွေ အများကြီးပဲ။ အခုထိဆိုရင် ကျွန်မတို့ဆီမှာ ၁၀ ကျော်၊ ၁၂ ယောက်လောက် သေပြီ။ လူကြီးရော၊ ကလေးရော။ နောက်ဝမ်းပျက် ဝမ်းလျှောတွေလည်း ဖြစ်သေးတယ်။ နောက်ဆေးခန်းကလည်း ပုံမှန်မဖွင့်ဘူး။ တစ်ရက်ကို တစ်နာရီလောက်ပဲ၊ တစ်ပတ်မှာ ၂ ရက် ၃ ရက်၊ အဲလောက်ပဲ ဖွင့်တယ်။ သူတို့က အရေးကြီးလူနာ ရှိရင်တောင်မှ လူနာကို ပြီးအောင် ဆေးမကုပေးပဲနဲ့ ပြန်သွားတာတွေလည်း ရှိတယ်။ ဥပမာ drip သွင်းနေတယ်ဆိုရင် drip ပြီးအောင်တောင် မသွင်းရသေးဘူး ကလေးလေးက။ ပြန်ရတော့မယ် ဆိုပြီးတော့ drip ကိုဖြုတ်ပြီးတော့ ပြန်သွားတယ်။ အဲဒီလိုမျိုးတွေ ရှိတယ်။ ဆေးက ပုံမှန် မဟုတ်ဘူး။ ဆေးခန်း ကလေ။ ဒါကြောင့် လူတွေ ဆေးခန်းလည်း ပုံမှန်မပြဘူး။ ဒုက္ခ ရောက်နေတာတွေကတော့ အများကြီးပါပဲ"

အထူးသဖြင့် စားနပ်ရိက္ခာတွေ ပုံမှန်မရတဲ့အတွက် အစာအဟာရ ပြတ်လတ်မှုနဲ့ ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။

"စားနပ်ရိက္ခာကတော့ WFP ကပဲ လာပို့တာပါ။ အာဏာပိုင်တွေဆီကတော့ လူကြီးလာမယ်ဆိုရင် ဥပမာ ဒုတိယ သမ္မတလာမယ်ဆိုရင် ဒုတိယ သမ္မတလာတဲ့ အချိန် ဓာတ်ပုံရိုက်ဖို့၊ ပေးဖို့ အဲဒီလိုမျိုး ဆန်၊ ခေါက်ဆွဲခြောက် အဲဒီလိုမျိုး ထားထားတယ်။ အဲဒီလိုမျိုး နည်းနည်းပါးပါး၊ ပြည့်ပြည့်စုံစုံ လူဦးရေ အစုံရအောင်၊ အိမ်ထောင်စုအစုံ ရအောင်တော့ မဟုတ်ဘူး။ အဲဒီလိုမျိုး ပေးတာတွေရှိတယ်"

ဒုက္ခသည်စခန်းမှာ သေဆုံးသူစာရင်းနဲ့ ပတ်သက်လို့ ရန်ကုန် ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့အစည်းတွေကို အာအက်ဖ်အေက စုံးစမ်းမေးမြန်းနေဆဲ ဖြစ်ပါတယ်။ ဘေဒူဖ ဒုက္ခသည်စခန်းဟာ လွန်ခဲ့တဲ့ ဇွန်လ စစ်တွေမြို့မှာ ပဋိပက္ခတွေဖြစ်ပြီး ထွက်ပြေးလာတဲ့ ဘင်္ဂါလီ-ရိုဟင်ဂျာတွေအတွက် ခိုလှုံဖို့ အာဏာပိုင်တွေက ယာယီဒုက္ခသည်စခန်းအဖြစ် သတ်မှတ် ခွင့်ပြုထားတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ တဲပေါင်း ၈၀၀ ကျော်ရှိပြီး ရွက်ဖျင်အဆောင်တွေလည်း ဆောက်လုပ်နေတယ်လို့ သိရပါတယ်။

ဒီအတောအတွင်း ဘင်္ဂါလီ ရိုဟင်ဂျာ အရေးနဲ့ ပတ်သက်ပြီး သမ္မတ ဦးသိန်းစိန်ရဲ့ ပြောဆိုချက်တွေကို ထောက်ခံကြောင်း ရန်ကုန်မှာရှိတဲ့ UNHCR ရုံးရှေ့မှာ သြဂုတ်လ ၃ ရက်နေ့က ဆန္ဒပြခဲ့ကြသူတွေအပေါ် တရားစွဲဆိုထားတဲ့ အမှုကို စမ်းချောင်းမြို့နယ် တရားရုံးမှာ ဒီကနေ့ စတင် စစ်ဆေးပါတယ်။

ဆန္ဒပြပွဲ ဖြစ်မြောက်ရေး စီစဉ်ခဲ့တဲ့ ကိုအောင်ကျော်ကျော်၊ ကိုဝင်းခန့်၊ ကိုမျိုးမင်းစိုးနဲ့ မိမိတို့ ၄ ဦးကို သက်ဆိုင်ရာရဲ့ ခွင့်ပြုချက်မရဘဲ ဆန္ဒပြရန် စီစဉ်မှု ပုဒ်မ (၁၈) နဲ့ တရားစွဲဆိုထားကြောင်း တရားစွဲဆို ခံထားရသူတွေထဲက တစ်ဦးဖြစ်တဲ့ ကိုအောင်နိုင်ထွန်းက RFA ကိုပြောပါတယ်။

အဲဒီနေ့က ဆန္ဒပြပွဲအတွက် အင်တာနက် ဖေစ့်ဘုတ်ကနေ ချိတ်ဆက်ပြီး လူစုဖို့  စီစဉ်ခဲ့တာနဲ့ ပတ်သက်လို့ စမ်းချောင်း မြို့နယ် ရဲစခန်းမှာ ထိန်သိမ်းထားစဉ် ကာလအတွင်း အာဏာပိုင်တွေက သူတို့ကို မေးမြန်းခဲ့တယ်လို့ သိရပါတယ်။ ဒီအမှုကို လာမယ့် သြဂုတ်လ ၁၆ ရက်နေ့မှာ ထပ်မံစစ်ဆေးမှာ ဖြစ်ပါတယ်။

ကွန်မင့်များ (1)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်

Aung

နေရပ်- singapore

Fuck you RFA,U like to show this fucking bangali problem. But you don't care rakhine.
Where did you coming from. Fuck you man.
Ask all your sisters to fuck with bangali

Aug 14, 2012 11:30 AM