RSF ရဲ့ သတင်းမီဒီယာဆု စာရင်းမှာ Eleven Media Group ပါဝင်

2011-12-04

ပြင်သစ်နိုင်ငံအခြေစိုက် နယ်စည်းမခြား သတင်းထောက်များအဖွဲ့ RSF ကနေ ၂ဝ၁၁ ခုနှစ်အတွက် တနှစ်တာ အကောင်းဆုံး သတင်းထောက်ဆု ချီးမြှင့်မယ့် အမည်စာရင်းမှာ မြန်မာနိုင်ငံက Eleven Media Group ပါဝင်တယ်လို့ သိရပါတယ်။

snapshot/eversion.news-eleven.com

Eleven Media Group မှ ထုတ်ဝေသည့် Eleven News အွန်လိုင်းမီဒီယာ။

ဒီဇင်ဘာလ ၇ ရက်နေ့မှာ ကျင်းပမယ့် ဆုပေးပွဲအတွက် Eleven Media Group က Weekly Eleven News ဂျာနယ် အယ်ဒီတာချုပ် ကိုဝေဖြိုးနဲ့ Premier Eleven Sports ဂျာနယ် တာဝန်ခံအယ်ဒီတာ ကိုမြတ်ထွတ်ဝင်းတို့ဟာ ဒီကနေ့ ရန်ကုန်မြို့ကနေ ပြင်သစ်နိုင်ငံကို လေကြောင်းနဲ့ ထွက်ခွာသွားပြီလို့ Weekly Eleven News မှာ ဖော်ပြထားပါတယ်။

RSF က ချီးမြှင့်မယ့် ဆုတွေကတော့ တနှစ်တာ အကောင်းဆုံးသတင်းထောက်ဆု၊ သတင်းမီဒီယာဌာနဆုနဲ့ အွန်လိုင်းမီဒီယာဆုတို့ ဖြစ်တယ်လို့ သိရပါတယ်။

မှတ်ချက်များ

Click here to add your own comment

ဤသတင်းနှင့်ပတ်သက်၍

အီးမေးလ်ပို့ရန်
ဤအကြောင်းကို ရယူရန်
သတင်းလွှာမှာယူရန်
ပုံနှိပ်ရန်...
ဤအေုကာင်းကို မ္တွဝေရန်

ဆက်နွယ်သောသတင်းများ

မြန်မာနိုင်ငံ သတင်းလွတ်လပ်ခွင့် အနည်းအကျဉ်း တိုးတက်လာကြောင်း RSF ပြော

RSF ၂၀၁၁ အကောင်းဆုံး သတင်းမီဒီယာဆု Weekly Eleven ရရှိ

ဒေါ်အောင်ဆန်းစုကြည် ပြောဆိုချက်တချို့ စိစစ်ရေးက ဖြတ်

စာနယ်ဇင်းလွတ်လပ်ခွင့် ပိုမိုတိုးတက်လာမည် ဟု စာပေစိစစ်ရေး ညွှန်မှူးပြော

သတင်းထောက်တွေကို မြန်မာအစိုးရ အကျဉ်းချထားဆဲ ဖြစ်ကြောင်း RSF ဝေဖန်

စာနယ်ဇင်း လွတ်လပ်ခွင့် ရပြီလား

ဒေါ်အောင်ဆန်းစုကြည် မျက်နှာဖုံးနဲ့ ပြည်သူ့ခေတ်ဂျာနယ် စာပေစိစစ်ရေး ခွင့်ပြု

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမေးမြန်းခန်း ပြည်တွင်းဂျာနယ် ဖော်ပြခွင့် ရရှိ

ဂျာနယ်အသစ်တွေ ထွက်မှာမို့ သတင်းထောက် အပြောင်းအရွှေ့တွေဖြစ်