တရုတ်-အိန္ဒိယဆက်သွယ်မည့် ဧရာဝတီမြစ်ကူးတံတား အပူတပြင်း ဆောက်လုပ်

2011-03-07

ဧရာဝတီမြစ်ဆုံ ရေကာတာ ဆောက်လုပ်မဲ့ နေရာအနီးက ဧရာဝတီမြစ်ကူး တံတား တိုင်ထူရေး လုပ်ငန်းကို ဒီနှစ်နွေရာသီအတွင်း အပြီးသတ် နိုင်အောင် နေ့ဆိုင်းညဆိုင်းနဲ့ ဆောက်လုပ်နေတယ်လို့ သိရပါတယ်၊

RFA Map

ကချင်ပြည်နယ် မြို့တော် မြစ်ကြီးနား အထက်ဖက် ၂၅ မိုင်အကွာတွင် တည်ဆောက်နေသည့် မြစ်ဆုံ ရေကာတာ တည်နေရာပြ မြေပုံ ဖြစ်ပါသည်။ ထိုနေရာ အနီးမှာပင် တရုတ်နှင့် အိန္ဒိယသို့ ဖောက်လုပ်မည့် လီဒိုလမ်းအတွက် ဧရာဝတီ မြစ်ကူးတံတား အသစ်တခု တည်ဆောက်မည်။ (RFA Map)

ဒီ ဧရာဝတီမြစ်ကူးတံတားကို တရုတ်နဲ့ အိန္ဒိယကို ဆက်သွယ်တဲ့ လီဒိုလမ်းမကြီးရဲ့ တစိတ်တပိုင်း အနေနဲ့ တည်ဆောက်တာလို့ ကချင်ဖွံ့ဖြိုးတိုးတက်ရေး ကွန်ရက် အဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဝါက ပြောပါတယ်၊

“မြစ်ဆုံ ရေကာတာ လုပ်မဲ့ နေရာမှာပဲ ဧရာဝတီ မြစ်ကူးတံတားပေါ့၊ အဓိကကတော့ အရှေ့အာရှ တရုတ်နဲ့ တောင်အာရှ အိန္ဒိယဖက်ကို ဖြတ်မဲ့ လီဒိုလမ်းပေါ့၊ အဲဒီ ဖြတ်မဲ့ မြစ်ကူးတံတား ဖြစ်တာပေါ့။ အခု ဗလမင်းထင်ကတော့ နည်းနည်း သေးတဲ့ ပုံစံမျိုးဖြစ်တယ်။ ဒါကြောင့် အခုဟာက ပိုကြီးတဲ့ တန်ချိန် မြောက်မြားစွာ တင်နိုင်တဲ့ တံတား၊ ခိုင်ခန့်တဲ့ တံတား တည်ဆောက်နေတယ်။ နွေရာသီမှာ တံတားတိုင်တွေ အပြီးလုပ်နေတယ်။ ဒါကြောင့် လူတွေကတော့ နေ့ဆိုင်းညဆိုင်းနဲ့ အလုပ်လုပ်နေတယ်။”

မြစ်ကူးတံတား ဆောက်လုပ်ရေးမှာ အောက်ပြည်အောက်ရွာက ရွှေ့ပြောင်းအလုပ်သမားတွေ လာရောက် လုပ်ကိုင်နေကြကြောင်းလည်း ပြောပါတယ်၊

“အလုပ်သမားတွေကတော့ တရုတ် အလုပ်သမားတွေ ရှိတယ်၊ အဲ တရုတ် အင်ဂျင်နီယာတွေ ရှိတယ်၊ အဓိက အလုပ်သမားတွေကတော့ အောက်ဖက်က များတယ်။ အလုပ်သမား တန်းလျားတွေ ရှိတာကိုး။ အဲ တရုတ်ကုမ္ပဏီကနေ လုပ်တယ်။ ဖက်စပ်တဲ့ဟာတော့ အေးရှားဝေါလ်။ အဓိက တရုတ် စွမ်းအင် ဝန်ကြီးဌာနကပဲ။”

မြစ်ကြီးနား-ဗန်းမော်ကားလမ်းမှာ ရှိတဲ့ ဗလမင်းထင် ဧရာဝတီမြစ်ကူး တံတားဟာ ပေ ၂၆၀၀ ကျော် ရှည်လျားပြီး ၁၉၉၈ ခုနှစ်က စတင် ဖွင့်လှစ်ခဲ့ပါတယ်၊ ဒီတံတားရှိတဲ့အတွက် မြစ်ကြီးနား-ဝိုင်းမော် သွားလာနိုင်ပြီး မြစ်ကြီးနားနဲ့ ဗန်မော်-ချီဘွေ-ပန်ဝါ--ကမ်ပိုက်တီး တဆက်တည်းသွားနိုင်တယ်လို့ ဆိုပါတယ်၊

Asia World ကုမ္ပဏီဟာ မန္တလေး-လားရှိုး-မူဆယ်လမ်းနဲ့ သိန္နီ-ချင်းရွှေဟော်လမ်း ဆောက်လုပ်ခွင့်လည်း ရရှိထားပါတယ်။

မှတ်ချက်များ

Click here to add your own comment

ဤသတင်းနှင့်ပတ်သက်၍

အီးမေးလ်ပို့ရန်
ဤအကြောင်းကို ရယူရန်
သတင်းလွှာမှာယူရန်
ပုံနှိပ်ရန်...
ဤအေုကာင်းကို မ္တွဝေရန်

ဆက်နွယ်သောသတင်းများ

ကချင်ဒုက္ခသည်တွေအတွက် အကူအညီများ ထပ်ပေး

တရုတ်အစိုးရ သဘောထားအပေါ် ဦးအောင်ကျော်ဇောနဲ့ မေးမြန်းချက်

ကချင်လယ်မြေ ယုဇနကုမ္ပဏီသိမ်းယူမှု အကြောင်းပြန်ကြားချက် မရ

ကချင်ဒေသဒုက္ခသည်တွေဆီ ကုလအကူညီပေးရေးအဖွဲ့ ရောက်ရှိ

ဆည်တည်ဆောက်မှု ကန့်ကွက်သူတွေ အာဏာပိုင် တွေ့ဆုံဆွေးနွေး

ဒေါ်အောင်ဆန်းစုကြည်က ကချင် စစ်ဘေးဒုက္ခသည်တွေကို ထပ်လှူ

မြစ်ဆုံ စီမံကိန်း ပြန်စဖို့ ဆွေးနွေးနေကြောင်း တရုတ်ပြော

ကေအိုင်အိုနဲ့ အစိုးရ ရွှေလီဆွေးနွေးပွဲ ပြီးဆုံး

ကချင်ပြည်နယ်ကို စည်းရုံးရေး ခရီးစဉ်အဖြစ် ဒေါ်အောင်ဆန်းစုကြည် လာမည်

ဆည်မြောင်း စီမံကိန်းတချို့ ရပ်ဆိုင်းဖို့ ပြည်ထောင်စု လွှတ်တော်က ထောက်ခံ