ရုရှစွမ်းအင်ကုမ္ပဏီ မြန်မာနှင့်ပူးတွဲလုပ်ကိုင်ရန် ပြင်ဆင်နေ

မြန်မာအပေါ် ချမှတ်ထားတဲ့ စီးပွားရေးပိတ်ဆို့မှုတွေကို အမေရိကန်က ဖယ်ရှားလိုက်ပြီးတဲ့နောက် နိုင်ငံ့သဘာ၀ အရင်းအမြစ်တွေ ထုတ်ယူရေးအတွက် မြန်မာအစိုးရက လုပ်ငန်းလေလံတွေ ခေါ်ယူနေချိန်မှာ ရုရှားကုမ္ပဏီတွေကလည်း မြန်မာ့ရေနံနဲ့ သဘာ၀ ဓာတ်ငွေ့လုပ်ငန်းမှာ ကဏ္ဍတစ်ရပ် ထူထောင်နိုင်ဖို့ တာစူနေပြီလို့ ရန်ကုန်မြို့ ရုရှသံရုံးက ပြောဆိုကြောင်း Bloomberg သတင်းက ဖော်ပြပါတယ်။

2012.09.28

အမေရိကန်ရဲ့ စီးပွားရေးပိတ်ဆို့မှုအပေါ် တလျှောက်လုံး ကန့်ကွက်ခဲ့တဲ့ ရုရှနိုင်ငံဟာ အခုလို အမေရိကန်ရဲ့ ပိတ်ဆို့မှုတွေ ရုပ်သိမ်းလိုက်တဲ့အပေါ် ကြိုဆိုကြောင်း ရုရှကုမ္ပဏီတွေဟာ မြန်မာ့စွမ်းအင် ဝန်ကြီးဌာနနဲ့ ဆွေးနွေးနေပြီး သတင်းအချက်အလက်တွေနဲ့ နိုင်ငံခြားရင်းမြှုပ်နှံမှု အခြေအနေတွေကို လေ့လာနေကြကြောင်း၊ ရုရှစွမ်းအင် ကုမ္ပဏီကြီးဖြစ်တဲ့ OGZD ဟာ မြန်မာနဲ့အတူ ပူးတွဲလုပ်ကိုင်ဖို့ ပြင်ဆင်နေကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။