ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာစက်မှုဇုန် ဆာကူရာအထည်ချုပ်စက်ရုံမှာ ချုပ်ပေးရမယ့် အထည်အရေအတွက် တိုးပြီးချုပ်ခိုင်းတာကြောင့် အလုပ်သမား ၃၀၀ ကျော်က စက်ရုံရှေ့မှာ ဆန္ဒပြနေကြပါတယ်။
အရင်သတ်မှတ်ချက်ထက် တစ်ရက်ကို ၁၀ ထည်လောက် မဖြစ်မနေရအောင် ချုပ်ဖို့ လက်မှတ်ထိုးခိုင်းနေ တာတွေကြောင့် ဆန္ဒပြတာဖြစ်တယ်လို့ အလုပ်သမား မဝင်းပပက ပြောပါတယ်။
"အရင်တုန်းက လူ ၃၀ ရှိတဲ့လိုင်းတွေဆိုရင် အထည် ၅၀ တောင်းရာကနေ အခုဆိုရင် အင်္ကျီတွေဆိုရင် ၁၀ ထည်ပိုတောင်းလာတယ်။ မရနိုင်တဲ့ အနေအထားမျိုးကိုပေါ့၊ မရဘူးနိုင်ဘူးဆိုပြီးတော့ လွှတ်မထား ဘဲ လက်မှတ်ထားတွေ ဘာတွေထိုးခိုင်းတယ် မရရအောင်လုပ်ပေးရမယ်ဆိုတဲ့ပုံစံမျိုးနဲ့ ခိုင်းစေလာ တာ၊ တောင်းဆိုတာကတော့ အဲ့ဒီအထည်ကိစ္စရယ် ရက်မှန်ကြေးရယ် တောင်းထားတာ"
အဲ့ဒီစက်ရုံဟာ ဂျာကင်အင်္ကျီနဲ့ အားကစားဘောင်းဘီတွေ အဓိကချုပ်တာဖြစ်ပြီး တစ်နေ့လုပ်အားခ ကျပ် ၃၆၀၀ နှုန်းနဲ့ လစာရရှိတာဖြစ်ပါတယ်။
အဲ့ဒီစက်ရုံမှာ အလုပ်သမား ၅၀၀ ကျော်ရှိပြီး အထည်ချုပ်အလုပ်သမား ၃၀၀ ကျော်ဟာ ပြီးခဲ့တဲ့ ဇူလိုင် ၂၉ ရက်နေ့က စပြီး ဆန္ဒပြတောင်းဆိုနေတာဖြစ်ပါတယ်။
