မန္တလေးသံဃာ့ ညီလာခံ သံဃာတော် သောင်းနဲ့ ချီ ကြွရောက်

0:00 / 0:00

အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (အထက်မြန်မာပြည် - မန္တလေး) ဖွဲ့စည်းခြင်းနဲ့ သြဝါဒခံယူပွဲ သံဃာ့ညီလာခံကို မန္တလေးမြို့ မဟာအောင်မြေ မဟာအတုလဝေယံ (အတုမရှိ) ကျောင်းတော်ကြီးမှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။

အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (အထက်မြန်မာပြည် ) ပေါ်ပေါက်လာတဲ့အတွက် ရရှိလာမယ့် အကျိုးကျေးဇူးကို ညီလာခံဖြစ်မြောက်ရေးမှာပါဝင်တဲ့ ဥူးရာဇဓမ္မ က RFA ကို အခုလိုမိန့်ပါတယ်။

"အကျိုးရလာဒ်က ဒီလိုဖွဲ့စည်းလိုက်တာဟာ ဦးဇင်းတို့နိုင်ငံအတွက် အားအင်ကြီးတစ်ခုဖြစ်သွားတယ်။ ဦးဇင်းတို့ မန္တလေးအထက်မြန်မာပြည်မှာ ခံတပ်ကြီးတစ်ခုလိုဖြစ်သွားတယ်။ ခံတပ်ကြီးဆိုတာက ဘာသာခြားခြားက လွယ်လွယ်ကူကူနဲ့ ဖြိုခွင်းလို့မရအောင်လို့ပေါ့။ အဲဒီလို ခံတပ်ကြီးလုပ်လိုက်တဲ့အတွက် ဦးဇင်းတို့ အမျိုး၊ ဘာသာ၊ သာသနာ ဒီထက် တည်တံ့မယ်လို့ ဦးဇင်းတို့ ယုံကြည်ပါတယ်"

ဒီနေ့ သံဃာ့ညီလာခံကို တစ်နိုင်ငံလုံးက သံဃာသောင်းဂဏန်းအထိ ကြွရောက်ခဲ့ကြသလို မန္တလေးတိုင်းအစိုးရအဖွဲ့၊ ပါတီကိုယ်စားလှယ်တွေ၊ ဒကာ ဒကာမတွေလည်း တက်ရောက်ဖူးမျှော်ခဲ့ကြပါတယ်။

အလားတူ သံဃာ့ညီလာခံကြီးကို ပထမဆုံးအကြိမ် ရန်ကုန်မြို့မှာ ပြီးခဲ့တဲ့နှစ်က ကျင်းပခဲ့ပါတယ်။

ဒီကနေ့ မန္တလေးမြို့မှာ ကျင်းပခဲ့တဲ့ သံဃာ့ညီလာခံအကြောင်း RFA သတင်းထောက် ကိုကျော်ဇောဝင်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။