မင်္ဂလာဒုံ ဖာမိုဆို အထည်ချုပ်စက်ရုံမှာ လုပ်သား ၅၀၀ ကျော် ဆန္ဒပြ

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံ စက်မှုဇုန်မှာရှိတဲ့ ဖာမိုဆို အထည်ချုပ်စက်ရုံမှာ အလုပ်ထုတ်ခံရတဲ့ အလုပ်သမားသမဂ္ဂခေါင်းဆောင် သုံးဦးကို အလုပ်ပြန်ခန့်ဖို့ စက်ရုံလုပ်သား ၅၀၀ကျော်က အလုပ်မဆင်းဘဲ စက်ရုံခြံဝင်းထဲမှာ ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

အလုပ်သမားသမဂ္ဂခေါင်းဆောင် ၃ ဦးကို အကြောင်းပြချက်မရှိဘဲ ထုတ်ပယ်ခဲ့တဲ့အတွက် သူတို့ကို အလုပ်ပြန်မခန့်သေးသရွေ့ အလုပ်မဆင်းဘဲ ဆက်လက်တောင်းဆိုသွားမယ်လို့ ဆန္ဒပြအလုပ်သမားတစ်ဦးက ပြောပါတယ်။

အဲဒီစက်ရုံမှာ အလုပ်သမားတစ်ထောင်ကျော်ရှိပြီး အလုပ်သမားသမဂ္ဂအဖွဲ့ခေါင်းဆောင် (၇)ဦးရှိတဲ့အထဲက သုံးဦးကို ပြီးခဲ့တဲ့ စနေနေ့က ထုတ်ပယ်ခဲ့တာဖြစ်ပါတယ်။ ဆန္ဒပြအလုပ်သမားတွေရဲ့တောင်းဆိုချက်ကို အလုပ်ရှင်ဘက်က မလိုက်လျောဘူးဆိုရင် အလုပ်သမားဝန်ကြီးဌာနကို တိုင်ကြားသွားမယ်လို့ သိရပါတယ်။