စာရေးဆရာကြီး ဒဂုန်တာရာ ကွယ်လွန်ခြင်း တစ်လပြည့် အခမ်းအနားများ ကျင်းပ


2013.09.19
dagon-tayar-memory-event-305.jpg မန္တလေးမြို့မှာ စက်တင်ဘာလ ၁၉ ရက်နေ့ကကျင်းပတဲ့ စာရေးဆရာကြီး ဒဂုန်တာရာ ကွယ်လွန်ခြင်းတစ်လပြည့် အထိမ်းအမှတ် အခမ်းအနားကို တွေ့ရစဉ်
photo: RFA/ Moe Thu Aung

ငိမ်းချမ်းရေးစာဆိုတော် စာရေးဆရာကြီး ဒဂုန်တာရာ ကွယ်လွန်ခြင်းတစ်လပြည့် အထိမ်းအမှတ် အခမ်းအနားကို ဒီနေ့ ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ ကဗျာဆရာတွေ၊ ဆရာကြီးကို ချစ်မြတ်နိုးသူတွေ စုပေါင်းပြီး ကျင်းပခဲ့ကြပါတယ်။

မန္တလေးမြို့က အခမ်းအနားကို ရာပြည့်စာအုပ်တိုက်မှာ ကျင်းပခဲ့တာဖြစ်ပြီး၊ အခမ်းအနားမှာ စာရေးဆရာ ညီပုလေးက ဆရာြကီး ဒဂုန်တာရာ ကွယ်လွန်သွားခဲ့တာဟာ မြန်မာစာပေလောကအတွက် ြကီးမားတဲ့ဆုံးရှုံးှုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ခေတ်မျိုးစုံကို ဖြတ်သန်းခဲ့တဲ့လူ ဆရာကြီးမှာ အတွေ့အကြုံတွေ အများကြီးရှိတယ်၊ ပြီးတော့ စာပေတွေဖွဲ့တဲ့အခါမှာ ကဗျာတင်မကဘူး၊ ခရီးသွားဆောင်းပါးတွေရော အတ္ထုပ္ပတ္တိရုပ်ပုံလွှာရေးတဲ့နေရာမှာ သူမတူတဲ့လူဗျ၊ သြဇာအလွန်ကြီးပါတယ်၊ ထင်ရှားတာကတော့ ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို စိတ်ဝင်စားတယ်ဗျ၊ ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ တပည့်တွေ ပီသပါပေတယ်၊ ဒီပုဂ္ဂိုလ်မျိုးဆုံးရှူံးတာဟာ ဘာနဲ့မှအစားထိုးလို့လည်း မရပါဘူး”ု

အခမ်းအနားမှာ ဆရာကြီးရဲ့ ကိုယ်ရေးအတ္ထုပတ္တိကို ဦးစွာဖတ်ကြားခဲ့ပြီးနောက် ဆရာကြီးရဲ့ဘဝ ဖြတ်သန်းှုအကြောင်းဲ့ ဆရာဒဂုန်တာရာဲ့ ပတ်သက်တဲ့ အောက်မေ့ဘွယ်ရာအကြောင်းတွေကို တက်ရောက်လာတဲ့ စာရေးဆရာတွေက ပြောကြပါတယ်။

အလားတူ ရန်ကုန်မြို့ HOME Entertainment ခန်းမမှာလည်း ဆရာကြီး ဒဂုန်တာရာ ကွယ်လွန်ခြင်း တစ်လပြည့် အထိမ်းအမှတ် အခမ်းအနားကျင်းပခဲ့တယ်လို့ သိရပါတယ်။

အသက် ၉၅ နှစ်အရွယ် ဆရာကြီး ဒဂုန်တာရာဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၁၉ ရက်နေ့က ရှမ်းပြည်နယ် တောင်ပိုင်း၊ အောင်ပန်းမြို့မှာ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။

မန္တလေးမြို့ ရာပြည့်စာအုပ်တိုက်မှာ ကျင်းပခဲ့တဲ့ စာရေးဆရာကြီး ဒဂုန်တာရာ ကွယ်လွန်ခြင်း တစ်လပြည့် အထိမ်းအမှတ် အခမ်းအနားအကြောင်း RFA သတင်းထောက် မခင်ပြည့်စုံက တင်ပြထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။