ရှမ်းပြည်မြောက်ပိုင်း ပလောင်ဒေသမှာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်နဲ့ အစိုးရတပ်တွေရဲ့ တိုက်ပွဲတွေကြောင့် ဒေသတွင်းရှိ စာသင်ကျောင်းတွေ အခုအချိန်အထိ ကျောင်းမဖွင့်နိုင်သေးဘူးလို့ သိရပါတယ်။
မြန်မာနိုင်ငံအနှံ့မှာ ဇွန်လဆန်းကစပြီး ကျောင်းတွေစဖွင့်ခဲ့လို့ တစ်လကျော်လာပြီဖြစ်ပေမယ့် ရှမ်းပြည်မြောက်ပိုင်းရှိ ပလောင်ဒေသတွေမှာ တိုက်ပွဲတွေကြောင့် ခုအချိန်အထိ ကျောင်းတွေ ပြန်မဖွင့်နိုင်သေးဘူးလို့ ကွတ်ခိုင်ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
မဖွင့်နိုင်သေးတဲ့ စာသင်ကျောင်းတွေဟာ မန်တုံမြို့နယ်သာမက ကွတ်ခိုင်မြို့နယ်အတွင်းမှာလဲ ရှိတယ်လို့ သိရပါတယ်။
လွန်ခဲ့တဲ့ ဇွန်လအတွင်းမှာ တအောင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်နဲ့ အစိုးရတပ်တွေအကြား တိုက်ပွဲတွေ အကြိမ် တော်တော်များများ ဖြစ်ပွားခဲ့ပါတယ်။
ပလောင် လွတ်မြောက်ရေး တပ်ဦးနဲ့ အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မီတီအဖွဲ့တွေ ထိုင်းနိုင်ငံမှာ အလွတ်သဘောတွေ့ဆုံခဲ့ဘူးပေမယ့် အပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်လို့ တရားဝင် တွေဆုံဆွေးနွေးတာ မရှိသေးပါဘူး။
ဒေသအတွင်းရှိ ပလောင် ရပ်မိရပ်ဖအဖွဲ့တွေကတော့ တိုက်ပွဲတွေ ဆက်မဖြစ်ပွားအောင် နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ဖို့ ကြားကနေကြိုးစားဆောင်ရွက်နေတယ်လို့ တအောင်း ပါတီဝင် တစ်ယောက်က ပြောပါတယ်။