အဲဒီသင်္ဘောဟာ Samho Shipping Line က ဖြစ်ပြီး သင်္ဘောသားတွေကတော့ မြန်မာနဲ့ အင်ဒိုနီးရှား သင်္ဘောသားတွေ ဖြစ်ကြပါတယ်။ Samho သင်္ဘော လိုင်းဟာ တောင်ကိုရီးယား နိင်ငံမှာ ငွေမရှိတော့လို့ ဒေဝါလီခံလိုက်ရပြီး အခုလိုရေနံံတင် သင်္ဘောကြီး ဘယ်မှ မသွားနိုင်ဘဲ Dubai နိုင်ငံမှာ သောင်တင်ကာ သင်္ဘောသားတွေ ဒုက္ခရောက်ခဲ့တာ ဖြစ်ပါတယ်။ DCMA အဖွဲ့က လပေါင်းများစွာ ကျန်းမာရေးကအစ စောင့်ရှောက်ပေးခဲ့ရပြီးမှ အခုလို သူတို့နိုင်ငံတွေဆီကို Dubai အစိုးရက ပြန်ပို့ပေးခဲ့တာလို့ သိရပါတယ်။