ကုလသမဂ္ဂ အထွေထွေ ညီလာခံ ကျင်းပနေတဲ့ အချိန်မှာ မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် စုံစမ်းရေးကော်မရှင် စေလွှတ်ဖို့ကိစ္စနဲ့ မြန်မာနိုင်ငံက ရွေးကောက်ပွဲ အခြေအနေတွေကို နိုင်ငံတကာက ပိုမိုသိရှိ လက်ခံလာအောင် မြန်မာအတိုက်အခံ ကိုယ်စားလှယ်အဖွဲ့က အောက်တိုဘာ ၆ ရက် မနေ့က နယူးယောက်မြို့မှာ ဆွေးနွေးပွဲ နှစ်ခု ပြုလုပ်ခဲ့ပါတယ်။
ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရ (NCGUB) ၏ ကုလသမဂ္ဂ ဆိုင်ရာ အထူးကိုယ်စားလှယ် ဒေါက်တာ သောင်းထွန်း။ (Photo: AFP)
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ သောမတ်စ် ကင်တားနားအကြံပြု တင်ပြထားတဲ့ ကုလသမဂ္ဂ စုံစမ်းရေးကော်မရှင် ဖွဲ့စည်းရေးကိစ္စကို လုပ်ဆောင်သင့်ကြောင်း ဥပaဒကြောင်းနဲ့ မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေအပေါ် မူတည်ပြီး တင်ပြခဲ့တာ ဖြစ်ပါတယ်၊
ဒီဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရ (NCGUB) ရဲ့ ကုလသမဂ္ဂ ကိုယ်စားလှယ် ဒေါက်တာ သောင်းထွန်းက အခုလို ပြောပါတယ်။
“ဒီ Commission of Inquiry ဖွဲ့စည်းရေးဆိုတဲ့ ကိစ္စဟာ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းကြီး အားလုံးရဲ့ တညီတညွတ်တည်း တောင်းဆို တိုက်တွန်းနေတဲ့ အသံတွေ ဖြစ်တယ်။ ကျွန်တော်တို့ Special Rapporteur ရဲ့ ဒီ အကြံပြုချက်ကို လက်ခံပြီးတော့ သေသေချာချာ တုံ့ပြန်ဖို့ လိုတယ်။ အဲလိုနည်းအားဖြင့် ဒီ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ တရားလက်လွတ် လုပ်နေတဲ့ ကိစ္စတွေကို နိုင်ငံတကာက လက်သင့်ခံမှာ မဟုတ်ဖူးဆိုတဲ့ သဘောထားကို ပြသရာကျမယ်။ ဒါကြောင့်မို့လို့ ဒီနေ့ အထွေထွေ ညီလာခံ ဆုံးဖြတ်ချက်က အရေးကြီးတယ်။ ကျွန်တော်တို့ ဒါ မြန်မာပြည်သူတွေရဲ့ ညီညွတ်တဲ့ သဘောထား ဖြစ်တယ်။ တိုင်းရင်းသား အားလုံးရဲ့ ညီညွတ်တဲ့ အသံဖြစ်တယ် ဆိုတဲ့အပိုင်းတွေကို ကျွန်တော်တို့ ဒါ တင်ပြပါတယ်။”
ဆွေးနွေးပွဲမှာ ဟားဗတ်တက္ကသိုလ် ဥပေဒဌာနက ဥပဒေပညာရှင် မစ္စတာ တိုင်လာ၊ ပြင်သစ်အခြေစိုက် FIDH အဖွဲ့ ရဲ့ အာရှဆိုင်ရာ အကြီးအကဲ။ Hurman Rights Watch လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ရဲ့ ကိုယ်စားလှယ်နဲ့ ဒေါက်တာသောင်းထွန်းတို့က အဓိက ဆွေးနွေးခဲ့ကြပါတယ်၊
ဒါ့အပြင် နိုင်ငံတကာ လူ့ခွင့်အရေးအဖွဲ့ကြီးတွေဖြစ်တဲ့ Human Rights Watch, FIDH , Amnesty International စတဲ့ ကမ္ဘာပေါ်က အကြီးဆုံး လူ့အခွင့်အရေးအဖွဲ့ကြီးတွေ ကိုယ်တိုင် နိုင်ငံတကာ ကိုယ်စားလှယ်တွေနဲ့ လိုက်လံ တွေ့ဆုံပြီး စုံစမ်းရေးကော်မရှင် ဖွဲ့စည်းဖို့ကို တိုက်တွန်း ဆွေးနွေးနေတယ်လို့ ဆိုပါတယ်၊
နောက်ဆွေးနွေးပွဲတခုကတော့ စစ်အစိုးရရဲ့ ရွေးကောက်ပွဲရဲ့ တရားမမျှတတဲ့ အခြေအနေတွေနဲ့ ဆိုးရွားနေဆဲ လူ့အခွင့်အရေး အခြေအနေတွေကို တင်ပြတဲ့ ဆွေးနွေးပွဲ ဖြစ်ပါတယ်၊ ပြင်သစ်အခြေစိုက် လူ့အခွင့်အရေးအဖွဲ့ ဖြစ်တဲ့ FIDH အဖွဲ့ရဲ့ ဒုတိယအတွင်းရေးမှူးချုပ် ဒက်ဘီ စတုဟတ်၊ မြန်မာနိုင်ငံ အမျိုးသမီးများအဖွဲ့ချုပ်က ကိုယ်စားလှယ် နော်ဝါကူရှီးနဲ့ မိတိုးတိုးဝင်းတို့ က အဓိက တင်ပြ ဆွေးနွေးခဲ့ပါတယ်။
|
|
အီးမေးလ်ပို့ရန် |
|
|
ဤအကြောင်းကို ရယူရန် |
|
|
သတင်းလွှာမှာယူရန် |
|
|
ပုံနှိပ်ရန်... |
|
|
ဤအေုကာင်းကို မ္တွဝေရန် |
ဖွံ့ဖြိုးမှုအနိမ့်ဆုံး စာရင်းထဲ မြန်မာနိုင်ငံ ပါဝင်
ပိတ်ဆို့အရေးယူမှုတွေကို ပြန်လည် ဆန်းစစ်ကြဖို့ ကုလကိုယ်စားလှယ် ပြော
မြန်မာအစိုးရ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြေရှင်းဖို့ လိုနေဆဲ
မြန်မာနိုင်ငံ နောက်ကြောင်းပြန်နိုင်သေး ကင်တားနား အစီရင်ခံ
ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မြန်မာအစိုးရကို တိုက်တွန်း
အတိတ်က ဖြစ်ရပ်တွေကို ၀န်ခံမှ မြန်မာပြည် ရှေ့ကို တိုးနိုင်မည်
အရေးတကြီး ဖြေရှင်းစရာ လူ့အခွင့်အရေးအခြေအနေတွေ ကျန်နေဆဲ
လူ့အခွင့်အရေး ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေး
မှတ်ချက်များ
Click here to add your own comment