မြန်မာပြည် တရားဥပဒေစိုးမိုးရေး အမေရိကန်အမတ် တိုက်တွန်း

အမေရိကန်ပြည်ထောင်စု အောက်လွှတ်တော်က ထင်ရှားတဲ့ ဒီမိုကရက်တစ်အမတ်တစ်ဦးဖြစ်သူ မစ္စတာ Joseph Crowley က မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ပတ်သက်ပြီး ကြေညာချက်တစ်စောင် မနေ့က ထုတ်ပြန်ခဲ့ပါတယ်။
2012-06-15
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ

ရခိုင်ပြည်နယ်မှာ ကာလကြာရှည် တငွေ့ငွေ့လောင်မြိုက်နေတဲ့ လူအုပ်စုနှစ်ခုကြားက တင်းမာမှုတွေဟာ ဒီလအတွင်းပေါက်ကွဲသွားခဲ့ပြီး၊ အိုးအိမ်တွေ မီးရှို့မှုတွေ၊ သတ်ဖြတ်မှုတွေ၊ ကိုယ်ထိလက်ရောက် တိုက်ခိုက်မှုတွေ စတဲ့ အကြမ်းပတမ်းဖြစ်ရပ်တွေ ပေါ်ပေါက်ခဲ့ကြောင်း၊ နှစ်ဘက်လုံးက မူဆလင်တွေရော ဗုဒ္ဓဘာသာဝင်တွေပါ ဒီအကြမ်းဖက်မှုတွေရဲ့ သားကောင်တွေဖြစ်ခဲ့ရကြောင်း၊ မြန်မာပြည်ဘက်က ဘင်္ဂါလီ မူဆလင်တွေ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ခိုလှုံဖို့ ထွက်ခွာခဲ့ကြပေမဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရက ခိုလှုံခွင့်မပေးခဲ့ကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဆက်လက်ပြီး - နိုင်ငံတကာဆိုင်ရာ တာဝန်ရှိမှုတွေကို လိုက်နာတဲ့အနေနဲ့ ဒုက္ခသည်တွေကို ဘင်္ဂလားဒေ့ရှ်အစိုးရက ခိုလှုံခွင့်ပြုဖို့ မိမိအနေနဲ့ အပြင်းအထန်တိုက်တွန်းပါတယ်။

အလားတူ မြန်မာအစိုးရကိုလည်း တိုင်းပြည်တ၀ှမ်း လူ့အခွင့်အရေးတွေကို ကာကွယ်ပေးဖို့၊၊ အကြမ်းဖက်ဖြစ်ရပ်တွေကို တရားဥပဒေစိုးမိုးမှု၊ အခြေခံလွတ်လပ်ခွင့်တို့နဲ့အညီ တုံ့ပြန်ဆောင်ရွက်ဖို့၊ လူမျိုးစုတွေကြား တွေ့ဆုံဆွေးနွေးရေး အားပေးဖို့၊ ပဋိပက္ခအတွင်း ရာဇ၀တ်မှု ကျူးလွန်ခဲ့သူတွေကို မျှမျှတတနဲ့ ပွင့်လင်းမြင်သာမှုရှိရှိ စီရင်ဆုံးဖြတ် ဖို့၊ ဒေါ်အောင်ဆန်းစုကြည် တောင်းဆိုတဲ့အတိုင်း တရားဥပဒေစိုးမိုးမှုရှိအောင် ဆောင်ရွက်ဖို့ တိုက်တွန်းအပ်ပါတယ်လို့ ရေးသားဖော်ပြထားပါတယ်။

ကွန်မင့်များ (1)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်

knifes

We believe Our Elder Brother, Ko Ko Gyi.
Ko Ko Gyi s’ desire is Our People of Myanmar s’ Desire.Get Out terrorist !!!!!!!!

Jun 16, 2012 09:13 PM