ပြည်နယ်ဝန်ကြီးနေရာ တိုင်းရင်းသားတွေကို ဦးစားပေးဖို့ SNLD တိုက်တွန်း


2016.03.03
sailake-snld-620.jpg ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD အထွေထွေအတွင်းရေးမှူး ဦးစိုင်းလိတ် ကို တွေ့ရစဉ်
Photo: Kyaw Htoon Naing/RFA

ပြည်နယ်ဝန်ကြီးချုပ်တာဝန်တွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ခန့်အပ်မယ်ဆိုရင် ဥပဒေအရ လုပ်သင့်တာဖြစ်ကြောင်းနဲ့ ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးတာဝန်တွေကို ကျန်တဲ့ တိုင်းရင်းသားတွေကို ဦးစားပေးသင့်ကြောင်း SNLD ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးစိုင်းလိတ်က ပြောပါတယ်။

ရန်ကုန်မြို့ မီကာဆာဟိုတယ်မှာ ကျင်းပနေတဲ့ ရှမ်းတိုင်းရင်းသားအဖွဲ့တွေရဲ့ အစည်းအဝေးအပြီး ခေတ္တ ရပ်နားချိန်မှာ သတင်းမီဒီယာတွေရဲ့ မေးမြန်းမှုကို အထွေထွေအတွင်းရေးမှူး ဦးစိုင်းလိတ်က ဖြေကြား တာဖြစ်ပါတယ်။

"ထွက်ပေါ်လာမယ့် အစိုးရသစ် တိုင်းနဲ့ပြည်နယ်အတွက်ကို သူတို့ကဝန်ကြီးချုပ်အကုန်လုံး NLD က ယူမယ်လို့ပြောတယ်၊ ဥပဒေကြောင်းအရ မှန်ပါတယ်၊ လုပ်သင့်တယ်၊ ဒါပေမဲ့ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးကို ကြည့်မယ်ဆိုလို့ရှိရင်တော့ ဝန်ကြီးချုပ်နေရာတော့ယူပေါ့ဗျာ၊ ဒါပေမဲ့ ကျန်တဲ့ဝန်ကြီး အဖွဲ့တွေကတော့ ကျန်တဲ့တိုင်းရင်းသား အနိုင်ရပါတီတွေကို ဦးစားပေးသင့်ပါတယ်၊ ပါဝင်သင့်ပါဝင်ထိုက် တယ်လို့တော့ ခံယူထားတယ်၊ ဒါကြောင့်မို့လို့ အကယ်၍ ဟိုဘက်က ကမ်းလှမ်းလာတယ်ဆိုရင် ဘယ်သူတွေကတော့ဖြင့် လုပ်သင့်ပါတယ်ဆိုပြီး အကြမ်းဖျင်း ကျနော်တို့ စဉ်းစားထားတာလောက် ပဲရှိပါတယ်"

အဲ့ဒီအစည်းအဝေးကို မနက်ဖြန်မှ ဆက်လက် ကျင်းပမှာဖြစ်ပြီး ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA နဲ့  ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD၊ ရှမ်းလူငယ်များကွန်ရက်တို့ ဆွေးနွေးနေကြတာဖြစ်ပါတယ်။

ရှမ်းအဖွဲ့အစည်းတွေ အစည်းအဝေးမှာ ရှမ်းပြည်မှာ တိုင်းရင်းသားအချင်းချင်း ဖြစ်နေတဲ့ တိုက်ပွဲတွေကိစ္စ၊ စစ်ပြေးဒုက္ခသည်တွေကို ကူညီနိုင်ရေး ကိစ္စတွေကိုလည်း ထည့်သွင်းဆွေးနွေးဖို့ ရှိတယ်လို့ သိရပါတယ်။

အဲ့ဒီအစည်းအဝေးကို မနက်ဖြန်မှ ဆက်လက်ကျင်းပမှာဖြစ်ပြီး သတင်းစာရှင်းလင်းပွဲ ကျင်းပမယ်လို့ သိရပါတယ်။

ဦးစိုင်းလိတ်ကို RFA သတင်းထောက် မဇာဏီထွဏ်း ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။