၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ အနိုင်ရ ပါတီတခု ဖြစ်တဲ့ ရှမ်းအမျိုးသားများ ဒီမိုကရေစီပါတီ SNLD က စစ်အစိုးရ ကျင်းပမဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး မသမာမှုနဲ့ အဂတိလိုက်စားမှု စောင့်ကြည့်ရေး နှိုးဆော်တဲ့ လှုပ်ရှားမှု တွေကို ရှမ်းပြည်နယ်တွေနဲ့ကချင်ပြည်နယ်တွေမှာ ဆောင်ရွက်နေတယ်လို့ RFA က စုံစမ်းသိရပါတယ်။
ရှမ်းပြည်နယ် ကျေးရွာတခုမှ သာမန်ပြည်သူများ နေ့စဉ်ဘဝ သွားလာလှုပ်ရှားနေပုံ ဖြစ်ပါသည်။ (Photo: RFA / Tyler Chapman)
“ရွေးကောက်ပွဲကို ဆန့်ကျင်တာ မဟုတ်ဖူး၊ တဖက်မှာလည်း ကျွန်တော်တို့ အားမပေးဘူး။ ဒါပေမဲ့ ပြည်သူတွေရဲ့ ဆန္ဒအမှန်က ဘာလဲ၊ အဲဒီ သူ့ရဲ့ ရှိတဲ့ ဆန္ဒအမှန်အတိုင်း သူလုပ်ဆောင်နိုင်ဖို့အတွက်ကို လွတ်လွတ်လပ်လပ် ဆုံးဖြတ်နိုင်ဖို့အတွက်ကို ကျွန်တော်တို့ တွန်းအားပေးမယ်၊ အဲဒီအခြေအနေမျိုး ရောက်အောင် ကျွန်တော်တို့ ဖန်တီးပေးမယ်၊ ဒီလောက်ပါပဲ ကျွန်တော်တို့ကတော့။”
SNLD ပါတီဟာ ၁၉၉၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲမှာ အမတ်နေရာ ဒုတိယ အများဆုံးနဲ့ အနိုင်ရခဲ့တဲ့ ပါတီဖြစ်ပါတယ်။
SNLD ပါတီ ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးနဲ့ အတွင်းရေးမှူး ဥိးစိုင်းညွန့်လွင်တို့ အပါအဝင် ရှမ်းခေါင်းဆောင် ၉ ဦးကို မတရားအသင်း ဖွဲ့စည်းမှု၊ နိုင်ငံတော်ပုန်ကန်မှု ပုဒ်မတွေနဲ့ စစ်အစိုးရက ၂၀၀၃ ခုနစ်မှာ ဖမ်းဆီး ထိန်းသိမ်းခဲ့ပြီးနောက် နှစ်ရှည်ထောင်ဒဏ်တွေ အပြစ်ပေးခဲ့ပါတယ်။ SNLD ပါတီကလည်း ရှမ်းခေါင်းဆောင်တွေကို လွှတ်မပေးခဲ့ရင် ၂၀၁၀ ရွေးကောက်ပွဲ မဝင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီနောက် စစ်အစိုးရ ရွေးကောက်ပွဲ ကော်မရှင် သစ်က SNLD ပါတီကို နိုင်ငံရေးပါတီအဖြစ်မှ ဖျက်သိမ်းကြောင်း ပြီးခဲ့တဲ့လက ကြေညာခဲ့ပါတယ်။
ဒီအကြောင်းနဲ့ပတ်သက်ပြီး RFA ၀ိုင်းတော်သူ ဒေါ်ခင်ခင်အိက ဦးစိုင်းလိတ်ကို အသေးစိတ် ဆက်သွယ်မေးမြန်းထားပါတယ်။
| ဆက်သွယ်မေးမြန်းချက်။ |
|
| အသံဖိုင်ယူရန် |
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ပြန်လည် တည်ထောင်ခွင့်ပြု
မဲပြားမှာ ဖယောင်းပါဝင်နေမှုအပေါ် တိုင်တန်းချက် နယ်ကော်မရှင်စစ်ဆေး
မဲ မသမာမူတွေကို ကိုင်တွယ်ဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ပြောဆို
NLD ပါတီ ရာနှုန်းပြည့်နိုင်တဲ့ သတင်းထွက်
တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်ကို မိတ္ထီလာမှာ တိုက်ခိုက်မှုရှိခဲ့
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဥပဒေ ချိုးဖောက်ကြောင်း ကလော အင်န်အယ်ဒီ တိုင်ကြား
မန္တလေးမြို့မှာ အဲန်အယ်လ်ဒီ မဲရုံကိုယ်စားလှယ် ၁၅၈ ဦး ကူညီ
မကွေးတိုင်း ရေစကြိုမြို့နယ် မဲပေးစာရွက် ခြစ်မရ
မြောင်းမြမြို့နယ်မှာ ကျေးရွာကော်မရှင်နဲ့ ကြံ့ခိုင်ရေးပါတီ မဲကြိုကောက်
လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ အမေရိကန်ပြည်ထောင်စုက တိုက်တွန်း
မှတ်ချက်များ
Click here to add your own comment