ရှမ်းပြည်တပ်မတော်နဲ့ ပတ်သက်ပြီး ထွက်ပေါ်နေတဲ့ ကောလာဟလ သတင်းတွေနဲ့ ပတ်သက်ပြီး ရှမ်းပြည် တိုးတက်ရေးပါတီက မတ်လ ၂၇ ရက် မနေ့က ရှင်းလင်းချက် ထုတ်ပြန်လိုက်သလို ရှေ့တန်းရောက် မြန်မာ တပ်မတော်သားတွေနဲ့ တပ်မှူးများနဲ့ အရပ်သားများထံသို့ အိတ်ဖွင့်ပေးစာ တစောင်လည်း ပေးပို့လိုက်ပါတယ်။
ရှမ်းပြည်တပ်မတော်မှ လက်နက်ကိုင် တပ်ဖွဲ့ဝင်များ မှတ်တမ်းပုံ ဖြစ်ပါသည်။ (Photo: AFP)
ရှမ်းပြည် တိုးတက်ရေးပါတီရဲ့ ထုတ်ပြန်ချက်ထဲမှာ စစ်အစိုးရဟာ ရှမ်းပြည်တပ်မတော် လက်နက်ချဖို့ သဘောတူထားတယ် ဆိုတာကို ဝါဒဖြန့် ဆောင်ရွက်နေတာ ဖြစ်တယ်လို့ ရှင်းပါတယ်။ ဒါ့အပြင် ရှမ်းပြည်တပ်မတော်ရဲ့ သဘောထားနဲ့ ရပ်တည်ချက်တွေကိုလည်း စစ်အစိုးရထံကို ရှင်းရှင်းလင်းလင်း တင်ပြပြီး ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီတင်ပြချက်တွေကို စစ်အစိုးရကသာ မသိကျိုးကျွံ ပြုနေခဲ့တယ်လို့ ရေးထားပါတယ်။
တဆက်တည်း ထုတ်ပြန်တဲ့ အိတ်ဖွင့်ပေးစာမှာ တပ်မတော်သားများကို လက်တဆုပ်စာ စစ်အစိုးရကို အလုပ်အကျွေး မပြုဖို့ တိုက်တွန်းထားပြီး တပ်မတော်ရဲ့ ကျဆင်းနေတဲ့ သိက္ခာကို ပြန်တင်နိုင်ဖို့ နှိုးဆော်ထားပါတယ်။
ဒါ့အပြင် တပ်မတော်သားများကို ရှမ်းပြည်တပ်မတော်ကို လာရောက်ဖို့ ဖိတ်ခေါ်ထားသလို ကျောင်းသား တပ်မတော်ကို သွားချင်ရင်လည်း ပို့ဆောင်ပေးမှာ ဖြစ်တယ်လို့ ရေးသားထားပါတယ်။|
|
အီးမေးလ်ပို့ရန် |
|
|
ဤအကြောင်းကို ရယူရန် |
|
|
သတင်းလွှာမှာယူရန် |
|
|
ပုံနှိပ်ရန်... |
|
|
ဤအေုကာင်းကို မ္တွဝေရန် |
ရှေ့တန်းတပ်ရင်းမှာ တပ်တွင်း ပစ်ခတ်မှုကြောင့် သေဆုံးမှုရှိ
မဲပြားမှာ ဖယောင်းပါဝင်နေမှုအပေါ် တိုင်တန်းချက် နယ်ကော်မရှင်စစ်ဆေး
ဒီမိုကရေစီ ဖော်ဆောင်ရေး တပ်မတော် လက်ခံဖို့ လို
အစိုးရနဲ့ SSA တောင်ပိုင်း ငြိမ်းချမ်းရေး ဆက်လက်ဆွေးနွေး
SNDP ကြားဖြတ်ရွေးကောက်ပွဲ သုံးနေရာ ဝင်ပြိုင်မည်
တိုင်းရင်းသားတွေ ပြည်ထောင်စုတပ်မတော် ဖွဲ့စည်းမည်
မသင်္ကာလို့ ဖမ်းထားသူတချို့ အစိုးရတပ်က ပြန်မလွှတ်သေး
မှတ်ချက်များ
Click here to add your own comment