ပြည်ထောင်စု လွှတ်တော်မှာ ပြောကြားတဲ့ ဦးရွှေမန်းရဲ့ မိန့်ခွန်းမှာ အနှစ်ချုပ် အနေနဲ့ အချက် ၆ ချက် ပါဝင်ပြီး နံပါတ် ၁ အနေနဲ့ လာမယ့် ဘတ်ဂျက် နှစ်အစမှာ ဝန်ထမ်းတွေကို လစာငွေ တိုးမြှင့်ပေးဖို့ တင်ပြသွားပါတယ်။ မအောင်မြင်တဲ့ စီမံကိန်းတွေ ရပ်စဲဖို့နဲ့ ဖွံ့ဖြိုးရေး စီမံကိန်းတွေကို အစိုးရအနေနဲ့ အကုန်အကျခံပြီး ဆောင်ရွက်ပေးဖို့ ကိုလည်း ပြောသွားပါတယ်။ သူရဦးရွှေမန်းရဲ့ မိန့်ခွန်း ကောက်နုတ်ချက်ကို အာအက်ဖ်အေ အဖွဲ့သား ကိုနေရိန်ကျော်က တင်ပြထားတာ နားဆင်နိူင်ပါတယ်။
0:00 / 0:00