0:00 / 0:00
ဒီကနေ့ နေ့လယ်ပိုင်းက ကမ္ဘာအေး ကုန်းမြေမှာ ရှိတဲ့ သံဃာ့မဟာနာယက အဖွဲ့ရုံးမှာ စာဆက်ကပ်ခဲ့ကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်း ကိုကြည်လွင်က အာရ်အက်ဖ်အေကို ပြောပါတယ်။ ရွှေညဝါဆရာတော်ဟာ မန္တလေး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးမှာ ညီညွတ်ရေးတရား ဟောကြားခဲ့တဲ့အတွက် ကျောင်းတိုက်ကနေ ဖယ်ရှားဖို့ ဆရာတော်ကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၂ ရက်က ညွှန်ကြားစာ ထုတ်ပြန်ခဲ့ပါတယ်။ နိုင်ငံရေး အကျဉ်းသားဟောင်းတွရဲ့ နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့ထံ လျှောက်ထားချက် အပြည့်အစုံကို အာရ်အက်ဖ်အေ ဝိုင်းတော်သား ကိုဝင်းနိုင်က တင်ဆက်ထားတာကို နားဆင်နိုင်ပါတယ်။
