ရွှေစက်တော်ဘုရားဖူးတွေ နဲ့ ဈေးသည်တွေကို ၃ နာရီအတွင်း ထွက်ခွာဖို့ နှိုးဆော်


2017.04.16
shwesattaw-620.jpg မန်းရွှေစက်တော်ဘုရားပွဲမှာ ရောက်ရှိနေတဲ့ ဘုရားဖူးတွေနဲ့ ဈေးသည်တွေ ဧပြီလ ၁၆ ရက်နေ့က မန်းချောင်းရေတွေ တိုးလာနိုင်တဲ့ အတွက် ထွက်ခွာကြစဉ်
Photo: Tun Min Naung

မုန်တိုင်းကြောင့် မကွေးတိုင်းဒေသကြီးအတွင်း မိုးရွာနေပြီး မန်းချောင်းရေတွေ တိုးလာနိုင်တဲ့အတွက် နှစ်စဉ် ကျင်းပနေတဲ့ မန်းရွှေစက်တော်ဘုရားပွဲမှာ ရောက်ရှိနေတဲ့ ဘုရားဖူးတွေနဲ့ ဈေးသည်တွေကို ညနေ ၃ နာရီ နောက်ဆုံးထားပြီး ပြန်လည်ထွက်ခွာဖို့ ရွှေစက်တော်ဘုရား ဂေါပကအဖွဲ့က ကြေညာနေပါတယ်။

မန်းချောင်းအတွင်းကို တောင်ကျရေတွေ ကျလာနိုင်တာကြောင့် ဘုရားဖူးနဲ့ ဈေးသည်တွေ ဘေးကင်းဖို့ အတွက် ပြောင်းရွှေ့ခိုင်းတာဖြစ်တယ်လို့ ဂေါပကအဖွဲ့ဝင် ဦးအောင်ကြည် က ပြောပါတယ်။

"သူတို့က ဂုတ်ကြီးဘက်ကနေ ချောင်းရေတွေကျလာလို့ ၃ နာရီအတွင်း  ရွှေစက်တော် ကို ရောက်နိုင်တယ် ဆိုပြီး ကြေညာချက် လော်စပီကာနဲ့ အော်ပါတယ်။  သတိပေးထားတယ်။ ကားတွေကို အချိန်မီထွက်သွားဖို့၊ ရွှေ့ကြပြောင်းကြတုန်းပေါ့"

ရွှေစက်တော်ဘုရားပွဲကို ဖော်ဖော်ဝါရီ ၁ ရက်နေ့ ဧပြီ ၁၇ ရက် ( နှစ်ဆန်းတစ်ရက်နေ့)အထိ ကျင်းပတာဖြစ် ပါတယ်။

ရွှေစက်တော်မှာ အနယ်နယ်အရပ်ရပ်ကနေ လာရောက်ဈေးရောင်းချနေတဲ့ ဆိုင်ခန်းပေါင်း တစ်ထောင်ကျော်ရှိပြီး တည်းခိုခန်းပေါင်း ၁၂ဝ ကျော် ရှိတယ်လို့ သိရပါတယ်။

မာရသာလို့ အမည်ပေးထားတဲ့ ဆိုင်ကလုန်းမုန်တိုင်းကြောင့် တိုင်းနဲ့ပြည်နယ်အတော်များများမှာ မနေ့ကစပြီး မိုးရွာတာတွေ လေပြင်းတိုက်တာတွေ ဖြစ်ပွားနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။