မြန်မာအိမ်ဖေါ်တွေ စင်္ကာပူ အလိုရှိ

စင်္ကာပူနိုင်ငံမှာ မြန်မာအိမ်ဖေါ်တွေ အလိုရှိနေတယ်လို့ The Star သတင်းက ဖေါ်ပြပါတယ်။

စင်္ကာပူမှာ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်အိမ်ဖေါ်တွေ ဈေးကြီးမြင့်လာနေတဲ့အတွက် ဈေးပေါတဲ့ မြန်မာအိမ်ဖေါ်တွေကို ငှားရမ်းချင်နေကြတယ်လို့ ဆိုပါတယ်။

အင်ဒိုနီးရှားအိမ်ဖေါ်တွေကို ငှားရမ်းတဲ့အခါ အကျိုးဆောင်ကုမ္ပဏီတွေကို ကော်မရှင်ခအပါအဝင် စင်္ကာပူဒေါ်လာ လေးထောင်လောက်ပေးရပြီး၊ ဖိလစ်ပိုင်အိမ်ဖေါ်တွေကို စင်္ကာပူဒေါ်လာ နှစ်ထောင့်ငါးရာလောက် ပေးရပါတယ်။

မြန်မာအိမ်ဖေါ်တွေကတော့ စင်္ကာပူဒေါ်လာ တစ်ထောင်အောက်သာရှိတယ်လို့ ဆိုပါတယ်။

လခအနေနဲ့လည်း အင်ဒိုနီးရှားအိမ်ဖေါ်တွေနဲ့ ဖိလစ်ပိုင်အိမ်ဖေါ်တွေကို တစ်လစင်္ကာပူဒေါ်လာ ၄၅ဝ - ၅ဝဝ လောက်ပေးရပြီး၊ မြန်မာအိမ်ဖေါ်ကို တစ်လ စင်္ကာပူဒေါ်လာ ၄ဝဝ အောက်သာ ပေးရပါတယ်။

ဒါ့ပြင် မြန်မာအိမ်ဖေါ်တွေဟာ အကျိုးဆောင်ကုမ္ပဏီကို ဒေါ်လာ ၃၃ဝဝ ပြန်ပေးရမှာဖြစ်တဲ့အတွက် လုပ်ခလစာ ရှစ်လစာလောက်မရဘဲ အလုပ်လုပ်ပေးရပါတယ်။

ဒါကြောင့် စိတ်ပျက်ပြီး ထွက်ပြေးသူတွေများတယ်လို့ The Star သတင်းက ဆိုပါတယ်။