၂ဝ၁၄ ခုနှစ်အတွက် အာဆီယံ အလှည့်ကျဥက္ကဋ္ဌ တာဝန် ရယူဖို့ မြန်မာနိုင်ငံက အဆိုပြုထားတဲ့ ကိစ္စကို အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ ဒီကနေ့စတင် ကျင်းပတဲ့ အာဆီယံ ထိပ်သီး အစည်းအဝေးမှာ စင်္ကာပူနိုင်ငံက ပြင်းပြင်းထန်ထန် ကန့်ကွက်ပြောဆိုလိုက်တယ်လို့ သိရပါတယ်။
၂ဝ၁၁ ခုနှစ် မေလ ၇ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် ကျင်းပသည့် ၁၈ ကြိမ်မြောက် အာစီယံ ထိပ်သီးညီလာခံ ဘေးပန်းဆွေးနွေးပွဲအဖြစ် အာစီယံခေါင်းဆောင်များနှင့် လူထု အခြေပြု အဖွဲ့အစည်း ကိုယ်စားလှယ်များ အလွတ်သဘော တွေ့ဆုံဆွေးနွေးစဉ် တွေ့ရသည့် မြန်မာသမ္မတ ဦးသိန်းစိန်။ (Photo: AFP)
အာဆီယံညီလာခံနဲ့ နီးစပ်သူ အရာရှိတဦးရဲ့ ပြောကြားချက်ကို ကိုးကားပြီး ထိုင်းနိုင်ငံအခြေစိုက် The Nation သတင်းစာကြီးရဲ့ အင်တာနက်စာမျက်နှာမှာ အခုလို ဖော်ပြထားပါ။ မြန်မာနိုင်ငံကို ၂ဝ၁၄ ခုနှစ် အာဆီယံ အလှည့်ကျဥက္ကဋ္ဌအဖြစ် လက်ခံမခံ ဆုံးဖြတ်ချက်ကို ရွှေ့ဆိုင်းရဖို့ အလားအလာရှိတယ်လို့လည်း ဆိုပါတယ်။
တကယ်လို့ မြန်မာနိုင်ငံကို ၂ဝ၁၄ ခုနှစ်အတွက် အလှည့်ကျဥက္ကဋ္ဌနေရာ ပေးဖို့ အများသဘောတူညီချက် မရရှိခဲ့ရင် မူလ သတ်မှတ်ထားတဲ့အတိုင်း ၂ဝ၁၆ ခုနှစ်ကျမှသာ အလှည့်ကျ ဥက္ကဋ္ဌတာဝန် ယူရဖို့ ရှိတယ်လို့လည်း ပြောပါတယ်။
မြန်မာနိုင်ငံဟာ ၂ဝဝ၆ ခုနှစ် အာဆီယံ အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူဖို့ ရှိပေမယ့် လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာဖိအားကြောင့် အလှည့် ကျော်ခဲ့ပါတယ်။ အခု ၂ဝ၁၄ ခုနှစ်ဟာ လာအိုနိုင်ငံရဲ့ အလှည့်ဖြစ်ပေမယ့် လာအိုအစား မြန်မာက အလှည့် ဝင်ယူဖို့ အဆိုပြုထားတာ ဖြစ်ပါတယ်။
အာဆီယံဥက္ကဋ္ဌနေရာကို နှစ်စဉ် တနိုင်ငံချင်း အလှည့်ကျ တာဝန်ယူဖို့ သတ်မှတ်ထားချက်အရ ၂ဝ၁၂ အတွက် အာဆီယံ အလှည့်ကျဥက္ကဋ္ဌ တာဝန်ကို ကမ္ဘောဒီးယား၊ ၂ဝ၁၃ အတွက် ဘရူနိုင်း၊ ၂ဝ၁၄ လာအိုနဲ့ ၂ဝ၁၅ မှာ မလေးရှားနိုင်ငံတို့က တာဝန်ယူရမှာ ဖြစ်ပါတယ်။
|
|
အီးမေးလ်ပို့ရန် |
|
|
ဤအကြောင်းကို ရယူရန် |
|
|
သတင်းလွှာမှာယူရန် |
|
|
ပုံနှိပ်ရန်... |
|
|
ဤအေုကာင်းကို မ္တွဝေရန် |
အီးယူနဲ့ အာဆီယံ ရွေးကောက်ပွဲ စောင့်ကြည့်ရေးအဖွဲ့တွေစေလွှတ်
မြန်မာနိုင်ငံကို လာမယ့် ဆယ်စုနှစ်မှာ အခုထက်သာစေချင်
စင်္ကာပူက မြန်မာအစိုးရကို ကူညီမည်
သမ္မတ ဦးသိန်းစိန် စင်္ကာပူနိုင်ငံကို ချစ်ကြည်ရေးခရီးထွက်ခွာ
ဇာဂနာရဲ့ အနုပညာပြပွဲ ရုပ်ရှင်ကားတချို့ စင်္ကာပူရဲက ပြသခွင့် ပိတ်ပင်
စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီး မြန်မာပြည်လာမယ်
မြန်မာ့သဲ စင်္ကာပူ ပြန်လည် စုပ်ယူနေ
ကတိက၀တ်အတိုင်း မြန်မာအစိုးရ ကြိုးပမ်းဖို့ AIPMC တိုက်တွန်း
လာမယ့် ၂ နှစ်အတွင်း အာဆီယံ လူ့အခွင့်အရေး တိုးတက်ဖို့ အရေးကြီး
နိုင်ငံခြားရေးဝန်ကြီး ခရီးစဉ်ကြောင့် ၂ နိုင်ငံဆက်ဆံရေး တိုးတက်ဖို့ မြန်မာမျှော်လင့်
မှတ်ချက်များ
Click here to add your own comment