အဲဒီနေရာကို ပြည်နယ်အစိုးရ လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်းနဲ့ ရေးရာတာဝန်ရှိသူတွေ၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ စစ်တပ်တစ်တပ် ရောက်ရှိလာပြီး တားဆီးခဲ့ကြပါတယ်။
ဒီသတင်းနဲ့ ပတ်သက်ပြီး ကလေးသေဆုံးခြင်းမှာ မဟုတ်မှန်ကြောင်း၊ လောလောဆယ် ကလေးကိုရှာဖွေနေပါကြောင်း ပြည်နယ်အစိုးရက အစောပိုင်းမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
အခုနောက်ဆုံးရရှိတဲ့ သတင်းအရ ကလေးငယ်ကို ရခိုင်ပြည်နယ် အစိုးရက ရှာဖွေတွေ့ရှိထားပြီးဖြစ်ကြောင်းနဲ့ စစ်ဆေးမေးမြန်းနေကြောင်း သိရပါတယ်။ နိုင်ငံတော်သမ္မတရုံး ညွှန်ချုပ် ဗိုလ်မှူးဇော်ဌေးရဲ့ မှူးဇော် လူမှုကွန်ယက် စာမျက်နာမှာတော့ မောင်အောင်နိုင်ဦးကို မိခင်ဖြစ်သူနဲ့အတူခေါ်ပြီး ပြသခဲ့ကြောင်း ရေးသားထားပါတယ်။
ဒီအခြေအနေတွေ နဲ့ ပတ်သက်ပြီး စစ်တွေမြို့က အခင်းဖြစ်ပွားရာနေရာကို ရောက်ရှိသတင်းယူနေတဲ့ RFA အဖွဲ့သား ဦးကျော်ကျော်အောင်နဲ့ ညနေစောစောပိုင်း ဆက်သွယ်မေးမြန်းချက်ကို နားဆင်ပါ။
အဲဒီနောက်ပိုင်းမှာ ပျောက်ဆုံးနေတဲ့ ကလေးကိုရှာဖွေတွေ့ရှိပြီဆိုတဲ့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။ ဦကျော်ကျော်အောင်နဲ့ ဝါရှင်တန် ရုံးချုပ် ထပ်မံဆက်သွယ် မေးမြန်းခဲ့တာကို နားဆင်ပါ။