စစ်တွေမြို့ INGO ရုံးတွေ တိုက်ခိုက်ခံရမှုကြောင့် ထိန်းသိမ်းထားရသူ ၁၀ ဦးကို ရုံးထုတ်


2014.05.08
unhcr-rakhine-305.jpg မတ်လ ၂၆ နဲ့ ၂၇ ရက်နေ့က လူတစ်စုရဲ့ ဝင်ရောက် ဖျက်ဆီးခြင်းခံရတဲ့ စစ်တွေမြို့က UNHCR ဂိုထောင် ကိုတွေ့ရစဉ်
Photo: RFA

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ပြီးခဲ့တဲ့ မတ်လ ၂၆ ၊ ၂၇ ရက်နေ့တွေက နိုင်ငံတကာ INGO ရုံးတွေ တိုက်ခိုက်ခံရတဲ့ဖြစ်စဉ်တွေနဲ့ ဆက်နွယ်ပြီး ဖမ်းဆီးထိန်းသိမ်းခံထားရသူ ၁၀ ဦးကို ဒီကနေ့ စစ်တွေမြို့မှာ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။

ဒီကနေ့ ရုံးထုတ်စစ်ဆေးခဲ့တဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး တရားရုံးကို သွားရောက်ခဲ့တဲ့ အမည်မဖေါ်လိုသူ မိသားစုဝင်တစ်ဦးက အခုလိုပြောပါတယ်။

"ပထမဆုံးစစ်တဲ့အခါတုန်းက ၁၁ နာရီကျော်ကျော်လောက်မှာစစ်တယ်၊ မကျည်းမြိုင် ဥက္ကဌကိုစစ်တယ်၊ စစ်ပြီးတော့ ကျမတို့မိသားစုတွေနဲ့ လည်း မတွေ့လိုက်ရဘူး၊ ထောင်ထဲကိုတန်းပြီးခေါ် သွားတယ်၊ ကျမတို့က မိသားစုနဲ့ မတွေ့လိုက် ရတော့ ထောင်ထဲလာပြီး တွေ့ခွင့်တောင်းနေပါတယ်"

အဲဒီ ၁၀ ဦးကို အိမ်ကျော်နင်းမှု၊ နာကျင်စေမှု၊ ၊ အကျိုးဖျက်ဆီးမှု၊ အားပေးကူညီမှု စတဲ့ပုဒ်မ ၅ ခုနဲ့ တရားစွဲဆို ထားတာ ဖြစ်ပါတယ်။

စစ်တွေမြို့က နိုင်ငံတကာအဖွဲ့နေအိမ်တွေ ရုံးခန်းတွေကို တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်တွေနဲ့ ဆက်နွယ်ပြီး စစ်တွေမြို့ ဓညဝတီရပ်ကွက်နဲ့ မကျည်းမြိုင်ရပ်ကွက်တွေမှာနေထိုင်တဲ့ အမျိုးသား ၆ ဦးနဲ့ အမျိုးသမီး ၆ ဦးကို အာဏာပိုင်တွေက ပြီးခဲ့တဲ့ ဧပြီလ ၁ ရက်နေ့က ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။