စစ်တွေမြို့တွင် မီးရှို့မှုနှင့် ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်မှုရှိ

စစ်တွေမြို့မှာ ဒီကနေ့ မီးရှို့မှုများ ဆက်လက်ဖြစ်ပွားနေပြီး ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်မှုတချို့လည်းရှိခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် စစ်တွေမြို့မှာရှိတဲ့ NGO ရုံးတချို့ကို အာဏာပိုင်တွေက ဒီကနေ့ ရှာဖွေမှုတွေ ပြုလုပ်နေတယ်လို့လည်း သိရပါတယ်။
2012-06-12
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ
sittwe-riot-fire-0612-b305
စစ်တွေမြို့တွင် ပဋိပက္ခကြောင့် မီးလောင်နေသော အိမ်များကို ဒေသခံများ မီးငြိမ်းသတ်နေကြစဉ်။
RFA

စစ်တွေမြို့အတွင်း နာဇီရပ်ကွက်နဲ့ ဓည၀တီရပ်ကွက်တွေမှာ မွန်းတည့် ၁၂ နာရီလောက်ကစပြီး မီးလောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီမီးလောင်မှုနဲ့ ပတ်သက်ပြီး အပြန်အလှန် စွပ်စွဲမူတွေ ရှိနေပါတယ်။

မီးလောင်တဲ့ နေရာမှာ ရောက်နေတဲ့ ဒေသခံတစ်ဦးက အခုလို ပြောပြပါတယ်။

" မီးကွင်းပစ်တာက ရခိုင်အိမ်တွေကို မီးကွင်းပစ်ပါတယ်ခင်ဗျ။ ရခိုင်အိမ်နဲ့ သူတို့အိမ်က ကပ်ရက်ပါ။ ဓညဝတီဆိုတဲ့ ရပ်ကွက်နဲ့ နာဇီရွာဆိုတဲ့ ရပ်ကွက်က အကုန်လုံး ကပ်ရက်ပါ။ မီးရှို့တဲ့အချိန်မှာ ရခိုင်တွေကလည်း ထပ်ပစ်တယ်။ ရှို့ပါတယ်ခင်ဗျ။ ဘယ်လိုခေါ်မလဲ။ လေက ရခိုင်ဘက်ကိုတိုက်တဲ့ အချိန်မှာ သူတို့က စပြီး မီးရှို့ပါတယ်။ ဆိုတဲ့သဘောက လေတိုက်ရာကို မီးကပါမဲ့ သဘောဖြစ်တဲ့အတွက် ရခိုင်ရွာတွေဘက်ကို လေတိုက်နေတဲ့ အချိန်မှာ သူတို့ကစပြီး မီးရှို့တာပါ။ ဆိုတော့ ရခိုင်တွေက ကိုယ့်အိမ်ကို မီးငြိမ်းဖို့ ကြိုးစားကြပါတယ်။ အဲနားမှာ လေကပြောင်းသွားတော့ သူတို့ဘက်ကို အခုစလောင်နေပါပြီ"

ဒီမီးလောင်မှု ဖြစ်ပွားတဲ့ရပ်ကွက်က အစ္စလာမ်ဘာသာဝင် ၁၀၀၀ ကျော်ကို နာဇီရွာကနေ ဘူးပင်ရွာဘက်ကို အာဏာပိုင်တွေက ပြောင်းရွေ့ ပေးပါ တယ်။ လောင်နေတဲ့မီးဟာ ကွက်ကြားဖြစ်ပြီး မီးသတ်ကား သုံးလေးစီးနဲ့ မီးငြိမ်းနေရတယ်လို့ ဆိုပါတယ်။ ဒီအတောအတွင်း စစ်တွေမြို့က NGO ရုံးတချို့ကို လုံထိန်းတပ်ဖွဲ့တွေ ၀ိုင်းပြီး ရှာဖွေရေးတွေ လုပ်တယ်လို့သိရပါတယ်။

စစ်တွေမြို့မှာ ရောက်နေတဲ့ RFA အဖွဲ့သား ကိုကျော်ကျော်အောင်က အခုလိုပြောပါတယ်။

"လန်ကက်စတာ အင်တာနေရှင်နယ် ဆိုတဲ့ရုံးကို အာဏာပိုင်တွေက သွားရောက်ရှာဖွေရာမှာ ကျွန်တော်ကိုယ်တိုင်စောင့်ကြည့် နေခဲ့ပါတယ်ခင်ဗျ။ တခြား NGO အဖွဲ့ ရုံးတွေကိုလည်း ဝင်ရောက်ရှာဖွေတယ်လို့ သိရပါတယ်ခင်ဗျ။ အစကတော့ AZG NGO အဖွဲ့ပါခင်ဗျ။ အဲဒီ AZG အဖွဲ့၊ ရခိုင်ပြည်နယ်ရဲ့ အကြီးအကဲပေါ့လေ။ ရှေ့နေဟောင်း ဦးကျော်လှအောင် ဆိုတာ AZG အကြီးအကဲပေါ့နော်။ သူ့ဆီမှာလည်း အယ်ခိုင်းဒါးနဲ့ ပတ်သက်တဲ့ စာရွက်စာတမ်း အထောက်အထားတွေ တွေ့ရတယ်။ သူ့ကိုလည်း အဲဒီကိစ္စနဲ့ပဲ ဖမ်းလိုက်တယ်။ လက်နက်လည်းသူ့ဆီက ရရှိတယ်ဆိုတဲ့ သတင်းတွေလည်း ကျယ်ကျယ်ပြန့်ပြန့် စစ်တွေဘက်မှာ ထွက်နေပါတယ်။ ဒါပေမဲ့ အာဏာပိုင်တွေဘက်က အခုထက်ထိ တစုံတရာ ထုတ်ပြန်အတည်ပြုတာ လုံးဝ မရှိသေးပါဘူးခင်ဗျ"

မနေ့ကလည်း ဘူးသီးတောင်၊ မောင်တောဒေသ UNDP တာဝန်ခံ ဒေါက်တာထွန်းအောင်ဆိုသူနဲ့ သားတွေထံကနေ လက်နက်နဲ့ စာရွက်စာတမ်းတွေ မိတယ်ဆိုတဲ့ သတင်းတွေရသလို မနေ့ ညပိုင်းကလည်း ဒေါက်တာထွန်းအောင်ရဲ့ သမီးဖြစ်သူနဲ့ အမျိုးသမီးသုံးဦးကို စစ်တွေလေဆိပ်မှာ အာဏာပိုင်တွေက စစ်ဆေးနေတယ်လို့ သိရပါတယ်။

လက်နက်မိတယ်ဆိုတာနဲ့ ပတ်သက်ပြီး အမည်မဖော်လိုတဲ့ စစ်တွေမြို့က အာဏာပိုင်တစ်ဦးက RFA ကို အတည်ပြုပေမဲ့ အသေးစိတ်ကို ပြောဆိုခြင်းမရှိပါဘူး။

လွန်ခဲ့တဲ့ တစ်ပတ်အတွင်း ရခိုင်ပြည်နယ်က ပဋိပက္ခတွေမှာ သေဆုံးသူ ၂၅ ဦး ထက်မနည်းရှိပြီး ထိခိုက်ဒဏ်ရာရသူ ၄၁ ဦး ရှိတယ်လို့ AFP သတင်းတရပ်က အစိုးရအရာရှိ တစ်ဦးကို ကိုးကားပြီး ရေးသားထားပါတယ်။

စစ်တွေမြို့ရဲ့ နောက်ဆုံးအခြေအနေနဲ့ ပတ်သက်ပြီး အဲဒီမှာ ရောက်ရှိနေတဲ့ RFA အဖွဲ့သား ဦးကျော်ကျော်အောင်ကို ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းထားတာကို နားဆင်နိုင်ပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
ကွန်မင့်များ (5)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်

အမည်မဖော်လိုသူ

ဒီရခိုင်ကိစ္စမှာကတော့ အနောက်က ကြိုးကိုင်ထားတဲ့ လူ
ရှိတယ်ဆိုတာကတော့ သေချာပါတယ်ဗျ အဲလူကိုအမြန်ဆုံး
ဖော်ထုတ် နိုင်ပါစေလိုဆုတောင်းပါတယ်

Jun 14, 2012 10:14 AM

အမည်မဖော်လိုသူ

Goverment Must Protect safety of All citizens in Rakhine State if you live in US for 5 years ,you will become US citizens. In Myanmar NOT
UN Body must appoint Panel Committe in Rakhine State and Find caused of Conflict.POLICE shot Muslims. Take necessary action against POLICE. Their must be JUSTICE in Rakhine State .Laid down Policy Not To Happen again Conflict.

Jun 13, 2012 12:07 PM

အမည်မဖော်လိုသူ

the name of the NGO is not AZV it was AZG a.k.a MSF a.k.a Doctors without Borders, Dr. Tun Aung was not from UNDP, He or his daughter is working for UNHCR Maungdaw

Jun 13, 2012 11:43 AM

kyawaung

နေရပ်- yangon

NGO,UNDP,UNHCR ဒီကိစ္စမှဝင်ရောက်မပါရင်ကောင်းမယ်ထင်တယ်။အဲ့ဒီအဖွဲံတွေက ပြဿနာကိုမီးထိုးပေးသူတွေပါ။ ပြတ်ပြတ်သားသားပြောပါ။

Jun 13, 2012 09:55 AM

အမည်မဖော်လိုသူ

This is very sad to hear and see the picture. lets pray for peace of our country if we really love our country.

Jun 13, 2012 02:29 AM

မှတ်ချက်အားလုံးကို ဖတ်ရှုရန်.