မြိုသူကြီးရပ်ကွက်မီး ရှို့မီးဖြစ်တယ်လို့ ဒေသခံတွေပြော

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ မြို့သူကြီးရပ်ကွက်မှာ ဒီကနေ့မနက် အစောပိုင်းက မီးလောင်မှုဖြစ်ပွားပါတယ်။ ဒီမီးဟာ ရှို့မီးဖြစ်တယ်လို့ ဒေသခံတွေ ကပြောပါတယ်။
2012-06-15
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ
sittwe-riot-0612-b305
၂၀၁၂ ခုနှစ် ဇွန်လက ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားသည့် ပဋိပက္ခကြောင့် မီးလောင်ကျွမ်းသွားသော အိုးအိမ်များကိုတွေ့ရပုံ။
RFA

အဲဒီရပ်ကွက်ဟာ ပြီးခဲ့တဲ့ ၁၀ ရက်နေ့က မီးရှို့ခံရတဲ့ ရပ်ကွက်နဲ့ တဆက်တည်းဖြစ်ပြီး မီးဘေးက လွတ်ခဲ့တဲ့အိမ်တွေကိုထပ်ပြီး ဒီကနေ့မနက် ၁ နာရီခန့်က လာရှို့တာဖြစ် တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မီးရှို့သူတွေဟာလည်း ရပ်ကွက်တွင်းနေထိုင်သူတွေဖြစ်ပြီး နေအိမ်တွေကနေ ထွက်ပြေးသွားရာက ပြန်လာပြီးမီးရှို့တာဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီရပ်ကွက်ဟာ မြစ်ကမ်းနဘေးမှာရှိတဲ့ တံငါရွာဖြစ်တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

"တစ်ချက်ထိုး ကျော်လောက်မှာလေ၊ လှေနဲ့လာပြီးတော့ မီးကွင်းပစ်ပြီးတော့ မီးလောင်အောင်လုပ်တာ။ မီးရှို့တာလေ။ အိမ်က ဟိုလောက်ပါသွားမယ်ထင်တယ်။ ၇ လုံးလား မသိဘူး။ သူတို့အိမ်တွေပဲဖြစ်နေတယ်။ သူတို့ကဒီလိုပေါ့။ သူတို့အိမ်ကတဲစုတ်တွေဖြစ်နေတော့လေ၊ အဲဒါမီးကူးလွယ်တယ်ဆိုတော့ မီးပစ်တယ်။ မီးကူးအောင်လုပ်တာ"

တကယ်လို့ မီးဆက်လောင်ရင် လမ်းမတော်လမ်းဘက်က အိမ်ကြီး အိမ်ကောင်းတွေဘက် မီးကူးလာနိုင်ပေမဲ့ မိုးရွာလိုက်တဲ့အတွက် မီးမကူးတော့ဘူးလို့ မြို့ခံတွေက ပြော ပါတယ်။

ဒီနေ့ထုတ် အစိုးရသတင်းစာတွေမှာ စစ်တွေမြို့မှာ ဆူပူအကြမ်းဖက်သူတွေ ဖမ်းဆီးရမိဆိုတဲ့ သတင်းပါရှိပြီး အိမ်မီးရှို့ရာမှာအသုံးပြုတဲ့ပစ္စည်းတွေ သိမ်းဆည်းရမိတယ် လို့ ဖော်ပြထားပါတယ်။

စစ်တွေမြို့လူထုကတော့ ဒုက္ခသည် ကယ်ဆယ်ရေးလုပ်ငန်းတွေနဲ့ လုံးပန်းနေကြတယ်လို့ ပြောကြပါတယ်။ စစ်တွေမြို့မှာ သား၊ ငါး၊ ဟင်းရွက်ဈေးသာဖွင့်ပြီး မြို့မဈေး နဲ့ မြို့ထဲကဆိုင်ခန်းတွေ ပိတ်ထားတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ ရပ်ကွက်လူငယ်တွေကို လုံခြုံရေး တာဝန်ယူခွင့်မပြုဘူးလို့လည်း သိရပါတယ်။

ရခိုင်ပြည်နယ် မောင်တောက ဒုက္ခသည်များအခြေအနေကို ဒေါ်စမ်းစမ်းတင်က တင်ပြပါမယ်။

တင်ပြချက်။
အသံဖိုင်ယူရန်။
ကွန်မင့်များ (0)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်