စစ်တွေ တက္ကသိုလ် ကျောင်းသား ဆန္ဒပြ

2011-08-03

စစ်တွေ တက္ကသိုလ်မှာ ကျောင်းနဲ့ မြို့တွင်း ပြေးဆွဲနေတဲ့ ကျောင်း ကားခတွေ နှစ်ဆ တက်လိုက်တဲ့ အတွက် ကျောင်းသူ ကျောင်းသား အယောက် ၃၀၀ လောက် ပြည်နယ် လွှတ်တော်ကို ချီတက်ဆန္ဒပြ ကြတယ် လို့ သတင်းရရှိ ပါတယ်။

arakanreview

အငှားလိုင်းကားများဖြင့် နေ့စဉ် ကျောင်းသွားကျောင်းပြန် လုပ်နေရသော စစ်တွေ နည်းပညာ တက္ကသိုလ်ကျောင်းသားများ လိုင်းကားစီးနေသည့် မြင်ကွင်း ဖြစ်ပါသည်။

ကျောင်းကားခက အရင်က အသွား ၁၀၀ ကျပ် အပြန် ၁၀၀ ကျပ် ဖြစ်ပြီး၊ မနေ့က စလို့ အသွား ၂၀၀ ကျပ် အပြန် ၂၀၀ ကျပ် တိုးယူတဲ့အတွက် မနေ့ကတည်းက ကျောင်းသားတွေ မကျေမနပ် ဖြစ်နေကြတာပါ။

ဒါကြောင့် ဒီနေ့ နေ့လည်မှာတော့ ကျောင်းကနေ ပြည်နယ်လွှတ်တော် အဆောက်အအုံ ရှိရာကို လမ်းလျှောက် ချီတက် ကြပြီး ကျောင်းကားခ တက်တာကို လက်မခံနိုင်ကြောင်း ဆန္ဒထုတ်ဖေါ် ပြသ ကြတယ်လို့ သိရပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်လို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီက ဦးအောင်မြကျော်က အခုလို ပြောပါတယ်။

“၁၂ နာရီ ၁ နာရီလောက်ကနေ ကျောင်းသား ကျောင်းသူ အယောက် ၃၀၀ လောက် တန်းစီပြီးတော့ ကျောင်းကနေ မြို့ထဲ လွှတ်တော်ရုံးအထိ လမ်းလျှောက် ဆန္ဒပြကြတာပေါ့။ မနေ့ကတော့ ကျောင်းဝင်းထဲမှာပဲ ဖြစ်ကြတာပေါ့။ အဲဒီ အငှားကားသမားတွေနဲ့ ကျောင်းသာတွေ ဆရာ ဆရာမတွေနဲ့ ပြဿနာ တက်ကြတာပေါ့”

ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ ကျောင်းသား ၁၀ ယောက်လောက်နဲ့ ဆရာ၊ ဆရာမတွေ အစည်းအဝေး ထိုင်ပြီး ဖြေရှင်းဖို့ ကြိုးစားခဲ့ကြ ပေမယ့်လည်း ပြေလည်မယ့် အဖြေ တစ်စုံတစ်ရာ မထွက် လာသေးဘူးလို့ သိရပါတယ်။

ဆန္ဒပြ ကျောင်းသားတွေ ကတော့ နေ့လည်ပိုင်း ချီတက်အပြီးမှာ အေးအေးချမ်းချမ်း လူစုခွဲလိုက်ကြ တယ်လို့ သိရပါတယ်။

မှတ်ချက်များ

Click here to add your own comment

ဤသတင်းနှင့်ပတ်သက်၍

အီးမေးလ်ပို့ရန်
ဤအကြောင်းကို ရယူရန်
သတင်းလွှာမှာယူရန်
ပုံနှိပ်ရန်...
ဤအေုကာင်းကို မ္တွဝေရန်

ဆက်နွယ်သောသတင်းများ

ကုလအတွင်းရေးမှူးချုပ် မြန်မာနိုင်ငံ ရောက်ရှိ

ဂျပန်ကြွေးမြီ လျှော်ပစ်ကြောင်း တရားဝင်ကြေညာ

မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲမှုတွေကို အီးယူ ကော်မရှင်နာမင်းကြီး အားရ

တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်စေရမယ်လို့ လွှတ်တော်ဥက္ကဋ္ဌ ကတိပေး

ပညာရေးနဲ့ ကျန်းမာရေးမှာ ပိုပြီးရင်းနှီးမြှုပ်နှံဖို့ ကုလ အထူးကိုယ်စားလှယ် တိုက်တွန်း

တရားဥပဒေ စိုးမိုးမှု အနည်းဆုံး ၁ဝ နိုင်ငံစာရင်းမှာ မြန်မာ ထိပ်ဆုံးကပါနေ

CIA ညွှန်ကြားရေးမှူး မြန်မာနိုင်ငံ သွားရောက်ဖွယ်ရှိ

ပိတ်ဆို့မှုတချို့ လျှော့ချတာနဲ့ ပတ်သက်လို့ ပညာရှင်တစ်ဦး အမြင်

ဒေါက်တာ ဂျိုးဇက် စတစ်ဂလစ် မြန်မာနိုင်ငံကို ဒုတိယအကြိမ် လာမယ်

အတိတ်က ဖြစ်ရပ်တွေကို ၀န်ခံမှ မြန်မာပြည် ရှေ့ကို တိုးနိုင်မည်