စစ်တွေမှာ အမျိုးသမီးများ ဆန္ဒပြ

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ဒီကနေ့ နေ့လည်ပိုင်းက အမျိုးသမီး (၇၀၀) ကျော်ဟာ မြန်မာပြည် ငြိမ်းချမ်းရေး၊ ရခိုင်ပြည်နယ် လုံခြုံရေး စတဲ့ ရည်ရွယ်ချက်တွေနဲ့ ဆန္ဒပြခဲ့ကြပါတယ်။
2012-10-10
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ

ဆန္ဒပြသူ အမျိုးသမီးထုဟာ စစ်တွေမြို့ အေးစေတီဘုရားမှာ စတင်စုဝေးကြပြီး  မြို့လယ်လမ်းမကြီး တလျှောက် ဖြတ်ကာ စစ်တွေမြို့  ကျေးပင်ကြီးရပ်ကွက်ရှိ  ဆရာတော် ဦးဥတ္တမ ရုပ်တုရှေ့ အထိ ချီတက် လမ်းလျှောက် ဆန္ဒပြ ခဲ့ကြပါတယ်။

ဒီဆန္ဒပြပွဲကို စစ်တွေမြို့ ရပ်ကွက် အသီးသီးက အမျိုးသမီးတွေ ပူးပေါင်း ပါဝင်ခဲ့ကြပြီး သူတို့က  မြန်မာအမျိုးသမီးတွေ ဘ၀လုံခြုံရေး၊ ရခိုင်အမျိုးသမီးဘ၀ အေးချမ်းရေး ၊ ရခိုင်ပြည်မှာ OIC ရုံးစိုက်မှာ အလိုမရှိ၊  သမ္မတကြီးပြောတဲ့စကား တည်ပါစေ စတဲ့ ကြွေးကြော်သံတွေနဲ့ ဆန္ဒထုတ်ဖော် ဟစ်ကြွေးခဲ့ကြပါတယ်။

ရခိုင်တိုင်းရင်းသားတွေဟာ မြန်မာနိုင်ငံ ပြည်ထောင်စုကြီး အတွင်းမှာ ကိုယ့်ကြမ္မာကိုယ် ဖန်တီးပြီးတော့ တခြား တိုင်းရင်းသားတွေနဲ့ အတူ အေးချမ်းစွာ နေထိုင်သွားချင်တယ်လို့ ဆန္ဒပြပွဲမှာ ဦးဆောင် ပါဝင်ခဲ့တဲ့ ဒေါ်ညိုအေးက RFA ကို အခုလို ပြောပါတယ်။

"ရခိုင်လူမျိုးတွေရဲ့ ဘ၀လုံခြုံမှုကို ကိုယ့်ကြမ္မာကိုယ် ဖန်တီးပြီးတော့ ပြည်ထောင်စု မြန်မာနိုင်ငံ အတွင်းမှာ တိုင်းရင်းသားများနဲ့အတူ အေးချမ်းစွာ နေထိုင် ရပ်တည်ချင်ပါတယ်ဆိုတဲ့ စကားလေးပဲ ကျွန်မ ပြောချင်ပါတယ်။"

အဲဒီဆန္ဒပြပွဲကို နေ့လည် ၁၂ နာရီမှာ စတင်ခဲ့ပြီး ၂ နာရီကျော်လောက်မှာ ပြီးဆုံးသွားတယ်လို့ သိရပါတယ်။

ဒီကနေ့ စစ်တွေမြို့မှာ ဆန္ဒပြသူ အမျိုးသမီးထုထဲက ဒေါ်ဥမ္မာကို  အာရ်အက်ဖ်အေ အဖွဲ့သား ကိုဥာဏ်ဝင်းအောင်က ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
ကွန်မင့်များ (5)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်

34soemin@gmail

နေရပ်- ရန်ကုန်

မိန်းကလေးတွေတောင် အခုလိုလုပ်ဆောင်နေတာ ယောင်္ကျားလေးတွေက ဘာလုပ်နေလဲ


[ဤမှတ်ချက်အား လွတ်လပ်တဲ့အာရှအသံ၏ အသုံးပြုခွင့် စည်းမျဉ်းစည်းကမ်းများအရ အယ်ဒီတာက တည်းဖြတ်ထားပါသည်။]

Oct 18, 2012 09:55 AM

ဝင်းချေ

နေရပ်- စစ်တွေမြို့ . မိဇံရပ်ကွက် (ယာယီ)ဂျပန်နိုင်ငံ . နာဂိုယာမြို့

ဒါဟာမှန်ကန်ပါ ထောက်ခံပါတယ်

Oct 14, 2012 02:54 AM

nyinyi

နေရပ်- bangkok

That is right

Oct 11, 2012 10:57 PM

ကိုကို

နေရပ်- ရန်ကုန်

အမျိုးသမီးတွေ ဆန္ဒပြတာကိုထောက်ခံပါတယ်... ဘာဖြစ်လို့လေးဆိုတော့ OIC က ဝင်ရောက်စွက်ဖက်မှာသေချာတယ်.... အိုအိုင်စီရဲ့သဘောကိုယ်တိုင်းကကို လူ့အခွင့်အရေး ရခိုင်လူထုအပေါ်မှာချိုးဖောက်လိုတဲ့ ဆန္ဒရှိတယ်ဆိုတာ ထင်ရှားပါတယ် သမိုင်းလိမ် ဘင်္ဂါလီလူမျိုးစစ်တွေကိုသိပါလျှက်နဲ့တောင်မှ အားပေးအားမြှောက်ပြုနေကတည်းက OIC က ရခိုင်လူထုအပေါ်မှာ လူ့အခွင့်အရေးချိုးဖောက်နေတာပေ။

Oct 11, 2012 06:19 AM

ကိုနိုင်

OIC ရုံး မြန်မာပြည်မှာ မဖွင့်သင့်ဘူး။ OIC အနေနဲ့ ပြည်တွင်း ငြိမ်းချမ်းရေးကို နားလည် စာနာတတ်လျှင် သူများနိုင်ငံရဲ့ ပြည်တွင်းမှာ အများပြည်သူမလိုလားတဲ့အရာကို ဆက်ပြီး မလုပ်သင့်ဘူး။ ပွင့်ပွင့်လင်းလင်းပြောရလျင် OIC ဟာ ရိုဟင်ဂျာပြဿနာအပေါ် အခွင့်ကောင်းယူပြီး မြန်မာနိုင်ငံကို လာရောက်ကာ ရုံးဖွင့်ခြင်းဖြင့် ၄င်းတို့၏ဘာသာရေး လွမ်းခြုံစိုးမိုးမှုကို ငွေအား ပစ်စည်းအား တခြားမက်လုံးပေးနိုင်သော နည်းလမ်းများကို သုံးပြီး မလွဲဧကန် ဆက်လုပ်မည်ကို မြင်နေမိပါသည်။

Oct 10, 2012 10:48 PM

မှတ်ချက်အားလုံးကို ဖတ်ရှုရန်.