တောင်ကိုရီးယားကျောင်းသားတွေ မြန်မာ့အရေး ဆွေးနွေး

2011-03-05

မကြာသေးမီက ရန်ကုန်မြို့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တဲ့ တောင်ကိုရီးယား ကျောင်းသူကျောင်းသားတွေဟာ မြန်မာနိုင်ငံနဲ့ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ခရီး အတွေ့အကြုံတွေကို ဒီနေ့ ညနေပိုင်းက တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ ရှင်းလင်း ဆွေးနွေးခဲ့ကြပါတယ်။

ဆိုးလ်မြို့ Haja Production School ကျောင်းခန်းမမှာ မြန်မာနိုင်ငံ အတွေ့အကြုံ ရှင်းလင်းပွဲနဲ့ ဆွေးနွေးပွဲကို တပြိုင်တည်း ကျင်းပတာပါ။

အခမ်းအနားကို တောင်ကိုရီးယား လူငယ် ငါးရာနီးပါး တက်ရောက်တယ်လို့ ဆိုးလ်မြို့အခြေစိုက် မြန်မာကလေးများပညာရေး ထောက်ပံ့ကူညီရေး လုပ်ငန်းဆောင်ရွက်နေတဲ့ မောင်ဇော်က ပြောပြပါတယ်။

“အခမ်းအနားကို ရှစ်လေးလုံး ကျောင်းသားတွေ ရေးစပ်တဲ့ ကမ္ဘာမကြေဘူး သီချင်းကို ကိုရီးယား ကလေးတွေက ဆိုပြီး ဖွင့်လှစ်ပါတယ်။ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ သူတို့ ခံစားချက်တွေကို ကာတွန်းတွေနဲ့ သရုပ်ဖော် ရေးဆွဲထားတာတွေ ရှိတယ်။ နောက် သူတို့ရိုက်လာတဲ့ ဓာတ်ပုံတွေ ပြတယ်”

Haja Production School ကျောင်းက တောင်ကိုရီးယား ကျောင်းသား ၁၃ ဦး၊ အမေရိကန် ကျောင်းသားတဦးနဲ့ ထိုင်ဝမ် ကျောင်းသားတဦးတို့ဟာ မြန်မာနိုင်ငံကို ရောက်ရှိချိန်မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရုံးခန်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဖေဖော်ဝါရီလ ၇ ရက်နေ့ မနက်က တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

ဒီ လူငယ်တွေဟာ လူငယ်တွေရဲ့ ပညာရေးနဲ့ ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့ လူငယ်ကွန်ယက်ကို အထူး စိတ်ဝင်စားတယ်လို့ ဆိုပါတယ်။ သူတို့ဟာ မြန်မာနိုင်ငံကို ထပ်မံ သွားရောက်ဖို့ အစီအစဉ်ရှိပြီး တကယ်လို့ ပြည်ဝင်ခွင့်ဗီဇာ မရရှိရင် ထိုင်း-မြန်မာနယ်စပ်ကနေ လူငယ်တွေရဲ့ ပညာရေးအတွက် ဆက်လက် ဆောင်ရွက်မယ်လို့ သိရပါတယ်။

အဲဒဒီ ကိုရီးယားကျောင်းသားတွေဟာ ၂ဝဝ၈ ခုနှစ် ဇွန်လကတည်းက အဖမ်းဆီးခံရပြီး မော်လမြိုင်အကျဉ်းထောင်မှာ ချုပ်နှောင်ခံနေရတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်က မဖြိုးဖြိုးအောင် လွတ်မြောက်ရေးအတွက် လှုပ်ရှားကြမယ်လို့လည်း သိရပါတယ်။

ဒီကျောင်းသားတွေရဲ့ လှုပ်ရှားမှုအကြောင်း ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

စုစည်းတင်ပြချက်။
အသံဖိုင်ယူရန်။

မှတ်ချက်များ

Click here to add your own comment

ဤသတင်းနှင့်ပတ်သက်၍

နားထောင်ရန်
အသံဖိုင်ယူရန
အီးမေးလ်ပို့ရန်
ဤအကြောင်းကို ရယူရန်
သတင်းလွှာမှာယူရန်
ပုံနှိပ်ရန်...
ဤအေုကာင်းကို မ္တွဝေရန်

ဆက်နွယ်သောသတင်းများ

ဒေါ်အောင်ဆန်းစုကြည် ကော့မှူး ပြည်သူ အခက်အခဲ သွားရောက်လေ့လာ

ဒေါ်အောင်ဆန်းစုကြည် ကော့မှူး ပြည်သူ အခက်အခဲ သွားရောက်လေ့လာ

လွှတ်တော်တွင်းကနေ ပြည်သူ ရည်မှန်းချက် အောင်မြင်အောင် ဆောင်ရွက်မယ်လို့ ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ဒေါ်အောင်ဆန်းစုကြည် ဆုံးဖြတ်ချက် အမေရိကန်ကြိုဆို

NLD လွှတ်တော် တက်ရောက်ဖို့ ဆုံးဖြတ်ချက်ကို လေးစားကြောင်း ဘန်ကီမွန်း ပြောဆို

ဂျာမန်နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံ

ဘာသာရေး အငြင်းပွားမှုတွေ ရှောင်ရှားကြဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံဆွေးနွေးဖို့ရှိ

KNU ခေါင်းဆောင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံ

ဒေါ်အောင်ဆန်းစုကြည် NLD ပါတီ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးမယ်