မြရည်နန္ဒာရပ်ကွက် ကျူးကျော်နေအိမ် မြေထိုးစက်သုံးပြီး အဓမ္မဖယ်ရှား

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက်အတွင်း ကျူးကျော်နေထိုင်သူတွေရဲ့ နေအိမ်တွေကို စည်ပင်၊ ရဲစတဲ့ ရာနဲ့ချီတဲ့ အာဏာပိုင်တွေက ဘူဒိုဇာမြေထိုးစက်တွေသုံးပြီး ဒီကနေ့ အဓမ္မဖယ်ရှားခဲ့တယ်လို့ သိရပါတယ်။
2012-09-17
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ
mdy-destroy-slum-resident-b305
၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၇ ရက်က မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက် ကျူးကျော်နေအိမ်များကို မြေထိုးစက်သုံးပြီး အဓမ္မ ဖယ်ရှားနေစဉ်။
RFA

အင်အားသုံးပြီး အကြမ်းဖက် ဖယ်ရှားခဲ့တဲ့အတွက် ကျူးကျော်နေထိုင်သူတွေ အခြေအနေမဲ့ ဖြစ်သွားရပုံကို မျက်မြင်ဒေသခံတစ်ဦးက အခုလို ပြောပါတယ်။

"စည်ပင်နဲ့ ရဲတွေ ဘူတိုဇာနဲ့ ထိုးပြီးတော့ ရက်ရက်စက်စက် အိမ်တွေကို ဖြိုဖျက်နေတယ်ခင်ဗျ၊ လူထုကတော့ ငိုတဲ့သူကငို၊ တက်သွားတဲ့သူကတက်သွား၊ အဲဒီမှာ ထမ်းထုတ်ရတဲ့သူက ထမ်းထုတ်၊ အဲဒီလိုတွေဖြစ်နေကြတယ်။ သူတို့လည်း ရန်မပြုရဲဘူး။ အိမ်ဖျက်ပြီးတော့တောင်မှ ဘယ်နား သွားပုန်းရမလဲမသိဘူး။ အခြေမဲ့ အနေမဲ့ ပုံစံမျိုးကို ဖြစ်သွားပါပြီဗျာ"

မြရည်နန္ဒာရပ်ကွက်က ကျူးကျော်မြေတွေဟာ လွန်ခဲ့တဲ့ နှစ် (၂၀) လောက်က တောင်သူတွေထံကနေ စည်ပင်သာယာဌာနက သိမ်းယူထားခဲ့တဲ့ မြေတွေဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြည်ကြီးတံခွန်မြို့နယ်နဲ့ အမရပူရမြို့နယ်တွေက ကျူးကျော်ရပ်ကွက်တွေကိုတော့ လာမယ့် ကြာသပတေးနေ့မှာ ဖယ်ရှားသွားဖို့ အကြောင်းကြားထားတယ်လို့ သိရပါတယ်။

ကျူးကျော်နေထိုင်သူတွေ အနေနဲ့ အသာတကြည် ဖယ်မပေးဘူးဆိုရင် ဒီကနေ့ မြရည်နန္ဒာ ရပ်ကွက်မှာလို မြေထိုးစက်တွေ၊ ရာနဲ့ချီတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို အသုံးပြုပြီး အင်အားသုံး ဖယ်ရှားဖို့ အာဏာပိုင်တွေဘက်က စီစဉ်ထားတယ်လို့လည်း သိရပါတယ်။

ကွန်မင့်များ (1)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်

AKmoe

နေရပ်- မန္တလေးမြို့

တရားဥပဒေအတိုင်းလုပ်တာပါ ..သတင်းစာမှာလည်းအကြိမ်ကြိမ်ကြေငြာပြီးသားပါ..မြေဝယ်တုန်းကတည်းကသေသေချာချာလေ့လာပြီးဥပဒေအတိုင်းမဝယ်ခဲ့ကြလို့အခုလိုဖြစ်ရတာပါ

Sep 17, 2012 11:32 PM