ပါတီနဲ့ သဘောထားချင်း မကိုက်လို့ မိုင်းရှုး SNDP ပါတီဝင်များ နှုတ်ထွက်


2014.06.05
shan-sndp-party-305.jpg ကျားဖြူပါတီ ခေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ (SNDP) ၏ ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့ ရုံးခွဲ ဖွင့်ပွဲကို ၂၀၁၀ ခုနှစ် နှစ်လယ်ပိုင်းက ကျင်းပနေပုံ ဖြစ်ပါသည်။ (Photo: Shan Land)
(Photo: Shan Land)

ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းရှူးမြို့နယ်က ကျားဖြူ ခေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ မိုင်းရှူးမြို့နယ် ဥက္ကဋ္ဌ နဲ့  မြို့နယ် ဗဟိုကော်မတီဝင် ၁၈ ဦး နှုတ်ထွက် ပြီး မိုင်းရှူးမြို့နယ် ပါတီရုံးခန်း ကိုလည်း ပိတ်သိမ်းလိုက် တယ်လို့ သိရပါတယ်။

ပါတီဝင်တွေ နှုတ်ထွက်ပြီး ရုံးပိတ်လိုက်ရတဲ့အကြောင်း ကိုတော့ မိုင်းရှူးမြို့နယ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ  ဥက္ကဋ္ဌ ဦးစိုင်းအုန်းက အခုလို ပြောပါတယ်။

"ကျနော်တို့ နှုတ်ထွက်ရခြင်း အကြောင်းအရင်း ကတော့ မြို့နယ်ကလည်း ငယ်တယ်၊ နောက်ပြီး လူဦးရေလည်း နည်းတယ်၊ ပါတီက များနေတော့လေ ကျနော်တို့ ရှမ်းတိုင်းရင်းသားပါတီဖက်မှာ အင်အားကြီး တဲ့ပါတီ နှစ်ပါတီဖြစ်နေတဲ့ခင်ဗျ၊ ဒါကြောင့် တစ်ပါတီ တည်းဖြစ်စေချင်တယ်၊ နောက်ပါတီရဲ့မူဝါဒ ကိုယ့်ရဲ့ သဘောဆန္ဒနဲ့ မသင့်တော်လို့ ကျနော်တို့ နှုတ်ထွက် ရတာပါ"

ပြီးခဲ့တဲ့ မတ်လအတွင်းကလည်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီက ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ၃ ဦးနဲ့အတူ မိုင်းတုံမြို့နယ်မှာ ပါတီဝင် တစ်ထောင်ကျော် နှုတ်ထွက်ခဲ့တယ်လို့ သိရပါတယ်။

နှုတ်ထွက်လိုက်တဲ့ မိုင်းရှူးမြို့နယ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးစိုင်းအုန်း ကို RFA သတင်းထောက် ကိုမျိုးဇော်ကိုက ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။