SNLD ပြန်လည်တည်ထောင်ခွင့် ရဖို့အတွက် ပါတီအကြီးအကဲ ဦးခွန်ထွန်းဦး အပါအဝင် ပါတီတည်ထောင်လိုသူ ၁၅ ဦးအမည်နဲ့ လျှောက်ထားခဲ့တာ ဖြစ်ပါတယ်။
ပါတီရဲ့ ဖွဲ့စည်းပုံ၊ အလံ၊ အမှတ်အသား စတာတွေကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ တင်ပြရမှာဖြစ်ပြီး ရက်ပေါင်း ၃၀ အတွင်းမှာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အသိအမှတ်ပြုပေးရမှာ ဖြစ်ပါတယ်။
အဲဒီနောက်မှာ ပါတီရဲ့ ဦးဆောင်ကော်မတီတွေကို ရွေးချယ်ရမှာ ဖြစ်တယ်လို့ ဦးစိုင်းလိတ်က ပြောပါတယ်။ SNLD ပါတီဟာ ၁၉၉၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတုန်းက ဒုတိယအများဆုံး အနိုင်ရခဲ့တဲ့ပါတီ ဖြစ်ပါတယ်။
နောက်ပိုင်းမှာ ပါတီခေါင်းဆောင် ဦးခွန်ထွန်းဦးနဲ့ ခေါင်းဆောင်အတော်များများကို စစ်အစိုးရက ထောင်ဒဏ်နှစ်ရှည် ချမှတ်ခဲ့ပါတယ်။ ဦးခွန်ထွန်းဦးနဲ့ ခေါင်းဆောင်တွေ ပြန်လည် လွတ်မြောက်လာပြီးမှာ အခုလို ပါတီမှတ်ပုံတင်ဖို့ ဖြစ်လာတာပါ။