ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ရခိုင်ပြည် နယ်က ရိုဟင်ဂျာမွတ်စလင်တွေ နိုင်ငံသားဖြစ် ခွင့်ပြုရေးပြဿနာကို အလေးအနက်ထားဖြေရှင်း ဖို့ မြန်မာအစိုးရကို မနေ့က ထပ်မံတိုက်တွန်းလိုက် ပါတယ်။
နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပ တဲ့ မြန်မာ့လုပ်ဖေါ်ကိုင်ဖက်များအဖွဲ့ ဆွေးနွေးပွဲမှာ ရခိုင်ပြည်နယ်က အခြေအနေကို နိုင်ငံတကာာအသိုင်း အဝန်းက အထူး စိုးရိမ်ပူပန်နေကြောင်း၊ မွတ်စလင်တွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို မြန်မာအစိုးရအနေ နဲ့ ဖြေရှင်းပေးနိုင်ခြင်း မရှိဘူးဆိုရင် ရခိုင်ပြည်နယ် မှာ ရေရှည်တည်ငြိမ်မှုရရှိနိုင်မှာ မဟုတ်ကြောင်း နဲ့ မြန်မာပြည်အနှံ့အပြားမှာ ပေါ်ပေါက်နေတဲ့ ဘာသာရေးနဲ့ တိုင်းရင်းသားလူနည်း စုရေးရာ ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းခြင်း မပြုဘူး ဆိုရင် မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေကို ထိခိုက်စေမှာ ဖြစ်ကြောင်းစသဖြင့် ကုလအတွင်းရေးမှူး ချုပ် ဘန်ကီမွန်းကပြောဆိုခဲ့ပါတယ်။
ရခိုင်ပြည်နယ်မှာ မွတ်စလင်လူဦးရေ တသန်းကျော်ရှိတဲ့အနက် တစ်သိန်းခွဲလောက်ဟာ ၂ဝ၁၂ အဓိကရုဏ်းနောက်ပိုင်း အိုးမဲ့အိမ်မဲ့ ဘဝရောက်နေတယ်လို့ ဆိုပါတယ်။
