မြန်မာနိုင်ငံကို လာရောက်ခဲ့တဲ့ ဗြိတိန်ဝန်ကြီးချုပ် မစ္စတာ ဒေးဗစ် ကင်မရွန်းနဲ့ မြန်မာအစိုးရ သမ္မတ ဦးသိန်းစိန်တို့ တွေ့ဆုံခဲ့စဉ်အတွင်း အဲဒီသမိုင်းဝင် တိုက်လေယာဉ်တွေကို ပြန်လည်ရှာဖွေပေးပို့ဖို့ သဘောတူညီခဲ့ကြတာ ဖြစ်ပါတယ်။
ဒုတိယ ကမ္ဘာစစ်အတွင်း မြန်မာနိုင်ငံကို ဂျပန်တပ်တွေအဝင် ၁၉၄၅ ခုနှစ် နွေရာသီမှာ ဗိုလ်ချုပ်ကြီး မောင့်ဘက်တန်ရဲ့ အမိန့်နဲ့ ဗြိတိသျှစစ်တပ်က Spitfires အမျိုးအစား တိုက်လေယာဉ် အသစ်အစီး (၂၀) ကို ဂျပန်စစ်တပ်တွေ မသိမ်းယူနိုင်အောင် မြေမြှုုပ်သိုဝှက်ထားခဲ့ပါတယ်။
အခုအခါ ဗြိတိန်နိုင်ငံ Leeds တက္ကသိုလ်က ကျွမ်းကျင်သူတွေနဲ့ ရန်ကုန်အခြေစိုက် မြန်မာပညာရှင်တစ်ဦးတို့ ပူးပေါင်းပြီး ရေဒါနည်းစနစ်တွေနဲ့ လေယာဉ်တွေ သိုဝှက် မြှုုပ်နှံထားတဲ့နေရာကို ရှာဖွေခဲ့ကြရာမှာ အဲဒီနေရာကို သိရပြီလို့ ယုံကြည်ရပါတယ်။
ဒုတိယ ကမ္ဘာစစ်အတွင်းက Spitfires အမျိုးအစား တိုက်လေယာဉ် စီးရေ နှစ်သောင်းတစ်ထောင်လောက် ထုတ်လုပ်ခဲ့ရာမှာ အခုအခါ (၃၅) စီးလောက်ပဲ မောင်နှင်ပျံသန်းလို့ရတဲ့ အခြေအနေမှာရှိတယ်လို့ သိရပါတယ်။