ဒီကနေ့ ဆွေးနွေးပွဲဟာ ၄ နာရီလောက် ကြာမြင့်ပြီး နှစ်ဘက် ဆွေးနွေးမှုတွေဟာ အပြုသဘောဆောင်ပြီး တိုးတက်မှုတွေ ရှိခဲ့တယ်လို့ ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့က ဦးလှမောင်ရွှေက အာရ်အက်ဖ်အေကို ပြောပါတယ်။
မြန်မာအစိုးရဘက်က ဝန်ကြီးဦးအောင်မင်း နဲ့ အတူ လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဦးသိန်းဇော်၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ်၊ အရှေ့အလယ်ပိုင်း တိုင်းမှူး နဲ့ ပြည်ထောင်စု ဒုဝန်ကြီးတွေ၊ တိုင်းဒေသကြီး ဝန်ကြီးတွေ တက်ရောက်ခဲ့ကြကြောင်း သိရပါတယ်။
ဒီကနေ့ ဆွေးနွေးပွဲမှာ သဘောတူညီမှုတွေ တစ်စုံတစ်ရာ ရခဲ့ပေမယ့် နှစ်ဘက် သဘောတူ လက်မှတ်ရေးထိုးခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။ မနက်ဖြန်မှာလည်း မြန်မာအစိုးရ ငြိမ်းချမ်းရေး အဖွဲ့ နဲ့ SSA ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) ခေါင်းဆောင်တွေ ဆက်လက်ပြီး ဆွေးနွေးဖို့ ရှိကြောင်း သိရပါတယ်။