လက်ပံတန်းဖြိုခွင်းမှုအပြီး ဖမ်းဆီးခံထားရသူ ၆၉ ဦးကို ရုံးထုတ်

0:00 / 0:00

0:00 / 0:00

လက်ပံတန်းမြို့ ကျောင်းသားသပိတ်စစ်ကြောင်းအကြမ်းဖက်ဖြိုခွင်းခံရပြီးနောက်သာယာဝတီ အကျဉ်းထောင်မှာဖမ်းဆီးခံထားရသူ၆၉ယောက်ကိုလက်ပံတန်းမြို့နယ် တရားရုံးမှာဒီနေ့ ရုံးထုတ်ခဲ့ ပါတယ်။

ဒီနေ့ရုံးချိန်းမှာအမှုစစ်ဆေးတာမရှိဘဲ သာယာဝတီ တရားရုံးကိုပြောင်းရွှေ့ဖို့အတွက်အစိုးရဘက်က တင်ပြပြီးနောက်ထပ်ရုံးချိန်းသတ်မှတ်ပေးလိုက်တယ် လို့အဖမ်းခံထားရသူတွေဘက်ကအမှုကိုလိုက်ပါကူညီ မယ့်တရားလွှတ်တော်ရှေ့နေဦးရောဘတ်စန်းအောင် ကပြောပါတယ်။

"ဒီနေ့ ဒုတိယအကြိမ်မြောက် ရုံးတက်တဲ့နေ့မှာ သူတို့ရုံးပြောင်းဖို့ တရားလိုဘက်က လျှောက်ထားတဲ့ အတွက် အမှုတွဲက ခရိုင်ရုံးကိုရောက်သွားတယ်၊ အဲ့ဒါကြောင့် ဒီနေ့ဘာမှမဆောင်ရွက်နိုင်ဘူး၊ ဒီနေ့ ရုံးချိန်းတာပဲရှိတယ်၊ မူရင်းအမှုတွဲက ခရိုင်ကိုပို့လိုက်တဲ့ အတွက် ခရိုင်မှာပဲရှိတယ်၊ ဒီမှာကဘာမှမရှိတော့ ဘာမှလုပ်လို့မရဘူး"

သာယာဝတီအကျဉ်းထောင်မှာအဖမ်းခံထားရသူတွေကိုပြန်လည်လွှတ်ပေးဖို့အတွက်လက်ပံတန်းမြို့နယ်တရားရုံးရှေ့မှာကျောင်းသားကျောင်းသူတွေနဲ့ဝန်းရံသူ၁၀၀လောက်ကဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

သာယာဝတီအကျဉ်းထောင်မှာလက်ရှိဖမ်းဆီးခံထားရသူ၆၉ယောက်ရှိပြီးနိုင်ငံတော်အကြည်ညိုပျက်စေမှု၊ပြည်သူ့ဝန်ထမ်းကိုနာကျင်စေမှု စတဲ့ပုဒ်မ၅ ခုနဲ့တရားစွဲခံထားရပြီးဒီလ၉ ရက်နေ့မှာထပ်မံရုံးထုတ်မှာဖြစ်ပါ တယ်။

ဒီအကြောင်း RFA သတင်းထောက်မဇာဏီထွန်းတင်ပြထားတာနားဆင်နိုင်ပါတယ်။

ဒီနေ့ရုံးချိန်းမှာကျောင်းသားတွေကိုသွားရောက်တွေ့ဆုံခဲ့တဲ့မိသားစုဝင်တွေရဲ့ပြောဆိုချက်တွေကို RFA ဝိုင်းတော်သူမခက်မာစုစည်းတင်ပြထားတာကိုလည်းနားဆင်နိုင်ပါတယ်။