ဆန္ဒပြကျောင်းသားတွေ နွားထိုး ကြီးမြို့ကို ရောက်ရှိ

0:00 / 0:00

ဒီမိုကရေစီပညာရေးစနစ်ကို တောင်းဆိုနေတဲ့ ကျောင်းသားသပိတ်စစ်ကြောင်းဟာ မနေ့ကမနက်မှာ ပြင်စည်ရွာကနေ ထွက်ခွါပြီးတဲ့နောက် ညပိုင်းမှာတော့ နွားထိုးကြီးမြို့မှာ ညအိပ်ရပ်နားခဲ့ကြပါတယ်။

သူတို့ကို မြို့လူထုနဲ့ကျောင်းသားတွေက တခဲနက်ကြိုဆိုခဲ့ကြသလို၊ ခရီးပမ်းတဲ့အတွက် သပိတ်မှောက်ကျောင်းသားတချို့ ဖျားနာကြတယ်လို့ သိရပါတယ်။

ဒီအကြောင်းနဲ့ပတ်သက်လို့ ဗကသများအဖွဲ့ချုပ် တွဲဘက်အတွင်းရေးမှူး ကိုမင်းသွေးသစ်က RFA ကို အခုလိုပြော ပါတယ်။

"နွားထိုးကြီး ရောက်နေပြီဗျ၊ နွားထိုးကြီးမှာဒီည ညအိပ်တယ်၊ ၆ ယောက်ဖျားနေတယ်၊ မိန်းကလေး ၁ ယောက် ၊ ယောက်ကျားလေး ၅ ယောက်၊ ဒီနေ့ဆေးသွင်းတဲ့ကျောင်းသားတွေ အယောက် ၂ဝ ကျော် ၃ဝ လောက်ရှိတယ်၊ အဆင်ပြေပါတယ် ဒီနေ့ခရီးစဉ်က၊ ပြည်သူတွေစောင့်ရှောက်တာပေါ့"

ဒီနေ့မနက်မှာတော့ နွားထိုးကြီးမြို့ကနေ မြင်းခြံကိုခရီးဆက်ကြမယ်လို့သိရပါတယ်။

ကျောင်းသားတွေရဲ့ နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ ဗကသများအဖွဲ့ချုပ် တွဲဘက်အတွင်းရေးမှူး ကိုမင်းသွေးသစ် ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။