ပြည်ပကျောင်းသား ကိုယ်စား လှယ်များ ရန်ကုန်မြို့တက္ကသိုလ် များ သွားခွင့်မရ

0:00 / 0:00

ပညာရေးလွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီး မြန်မာကျောင်း သားတွေနဲ့ ဆွေးနွေးဖို့ ရောက်ရှိနေတဲ့ ဗြိတိန်နိုင်ငံနဲ့ သြစတြေးလျနိုင်ငံက ကျောင်းသားများဟာ ဒဂုံတက္က သိုလ်နဲ့ စီးပွားရေးတက္ကသိုလ်များကို သွားရောက်ကြည့်ရှု ခွင့်တောင်းခံခဲ့တာကို ပညာရေးဝန်ကြီးဌာနက ခွင့်ပြုချက် မပေးကြောင်း RFA က စုံစမ်းသိရှိရပါတယ်။

ဧည်သည်ကျောင်းသားတွေ ရန်ကုန်မြို့မှာရှိတဲ့တက္ကသိုလ် တချို့ကိုသွားရောက်ကြည့်ရှုဖို့ တကသအဖွဲ့တွေက ပညာရေးဝန်ကြီးဌာနကိုတင်ပြရာမှာ ခွင့်ပြုချက်မရဘူး လို့ဆိုပါတယ်။

အခုလိုကျောင်းထဲကို ဝင်ရောက်ဖို့ခွင့်ပြုချက်တင်ရတယ်ဆို တာနဲ့ပတ်သက်ပြီး ဧည့်သည်ကျောင်းသားများ တအံ့ တသြဖြစ်ကြတယ်လို့ ဆိုပါတယ်။ တကသကျောင်း သား ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုနန်းလင်းက ခုလိုပြော ပါတယ်။

"သူတို့ရန်ကုန်ရောက်တဲ့အခါမှာ ဒဂုံတက္ကသိုလ်နဲ့ ရန်ကုန်တက္ကသိုလ်ကို သွားရောက်လည်ပတ်ခွင့်ပိတ်တယ်၊ သူတို့မှာ အရမ်းအံ့သြတယ်၊ တက္ကသိုလ် တစ်ခုထဲဝင်ဖို့အတွက် ဝန်ကြီးဌာနအဆင့်ထိခွင့်ပြုချက်တင်ရမယ်၊ အဲ့လိုခွင့်တောင်းတာကို သူတို့ကခွင့်မပြုဘူး၊ ခွင့်တင်တယ်ဆိုတာကိုတောင် သူတို့ကနားမလည်နိုင်ဘူးဖြစ်နေ တယ်၊ အဲ့လောက်ထိကျနော်တို့မှာ ကွာခြားမှုရှိပါတယ်"

သူတို့တွေဟာ ဧပြီလ ၂ ရက်နေ့က ရန်ကုန်မြို့ကိုရောက်ရှိလာပြီး အောက်မြန်မာပြည် တကသအဖွဲ့ဝင်တွေနဲ့ ရန်ကုန်မြို့မှာ မနေ့ကနဲ့ ဒီကနေ့ ၂ရက် ကြာ ပညာရေးနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့ကြပါတယ်။ ဧပြီလ ၆ရက်နေ့မှာ မကွေးမြို့မှာ အထက်မြန်မာပြည်နဲ့ မြေလတ်က တက္ကသိုလ်ကျောင်းသားတွေနဲ့ တွေ့ဆုံ မှာဖြစ်ပါတယ်။

အဲဒီ ဧည်သည်ကျောင်းသားတွေဟာ ဗြိတိန်နိုင်ငံ အောက်စဖို့ဒ်တက္ကသိုလ်၊ လီဗာပူးလ်တက္ကသိုလ်နဲ့ သြစတြေးလျနိုင်ငံ မက်ဂွိုင်းယား တက္ကသိုလ် က ကျောင်းသားသမဂ္ဂ ဥက္ကဌတို့ဖြစ်ကြပြီး စုစုပေါင်း အဖွဲ့ဝင်စုစုပေါင်း ၇ ဦးပါဝင်ပါတယ်။

ရန်ကုန်မြို့မှာ မနေ့ကနဲ့ ဒီနေ့ ဆွေးနွေးပြီး မနက်ဖြန်မှာ မကွေးမြို့ကို သွားရောက် ဆွေးနွေးကြမှာဖြစ်ပါတယ်။

ရန်ကုန်မြို့ဆွေးနွေးပွဲ က အကြောင်းအရာများနဲ့ပတ်သက်ပြီး ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုနန်းလင်းကို ဦးတင်အောင်ခိုင်ဆက်သွယ်မေးမြန်း ထားပါတယ်။