ဧရာဝတီတိုင်း လပွတ္တာမြို့နယ် ပလူဆိတ် ကျေးရွာအုပ်စုက အလယ်တန်း ကျောင်းသားတွေနဲ့ ဆရာ၊ ဆရာမတွေ တင်ဆောင်ပြီး မိကျောင်းအိုင်ကျေးရွာမှာ ပြုလုပ်တဲ့ ကျောင်းသားစုံညီပွဲတော် အသွား အောက်တိုဘာလ ၆ ရက် ဒီကနေ့ မနက် ၇ နာရီလောက်မှာ စက်လှေ နစ်မြုပ်ခဲ့လို့ လူ ၃၆ ယောက်လောက် ရေနစ်သေဆုံးခဲ့တယ်လို့ RFA က စုံစမ်း သိရှိရပါတယ်။
ဧရာဝတီ မြစ်ဝကျွန်းပေါ် မြစ်တခုတွင် ဝန်ချိန်ကျော်အောင် ခရီးသည်နှင့် ကုန် အပြည့်အလျှံ တင်ဆောင်ထားသော မော်တော်တစင်း ခုတ်မောင်းနေပုံ ဖြစ်ပါသည်။ (Photo: AFP)
“စုံညီပွဲတော်ဆိုတာ မိကျောင်းအိုင်မှာ လုပ်တာ မိကျောင်းအိုင်ကိုသွားတာ လူ ၈၀ လောက်သွားတဲ့အခါကျတော့ အလယ်တန်းကျောင်းသားချည်းပဲ အကုန်လုံး အဲဒီကလေးတွေပုတဲကောကအထွက်မှာ မြုပ်တာ၊ ပုတဲကောချောင်းလို့ ခေါ်ကြတာပဲ။ ချောင်းက ခပ်သေးသေးပါ။ ကျနော်တို့ နောက်ဆုံးသိရတာတော့ ကာယကံရှင်တယောက်က ပြောတာတော့ ၃၆ လောင်းရတယ်တဲ့ နှစ်လောင်းက ဆရာမတွေ ကျန်တာတော့ ကလေးတွေ။”
ဒီအကြောင်းနဲ့ ပတ်သက်ပြီး အသေးစိတ် သိရှိနိုင်ဖို့ RFA က လပွတ္တာမြို့နယ် မယကရုံးကို မနက်ပိုင်းမှာ ဆက်သွယ် မေးမြန်းတဲ့အခါမှာတော့ စက်လှေတိမ်းမှောက်တာ မှန်ကန်ကြောင်းနဲ့ သေဆုံးသူ အရေအတွက်က ၁၈ ဦးဖြစ်ပြီး လေးဦးပျောက်နေတယ်လို့ ပြောပါတယ်။
အခင်းဖြစ်ပွားနေရာကို လပွတ္တာမြို့နယ်က တာဝန်ရှိသူတွေနဲ့ ပညာရေးဌာနက တာဝန်ရှိသူတွေ သွားရောက် ကြည့်ရှုခဲ့တယ်လို့လည်း သိရပါတယ်။
နောက်ဆုံးအခြေအနေကို သိရအောင် လပွတ္တာမြို့နယ် မယကရုံးကို RFA က ညနေပိုင်းမှာထပ်ပြီး ဆက်သွယ် မေးမြန်းတဲ့အခါမှာတော့ တာဝန်ကျဝန်ထမ်းတဦးက သေဆုံးသူအရေအတွက် အတိအကျ အတည်ပြုလို့ မရသေးဘူးလို့ အခုလိုပြောပါတယ်။
“ဒီကအဖွဲ့တွေသွားပြီး အတည်ပြုတုန်း ရှိသေးတယ် ဂဏန်းမငြိမ်သေးဘူး ဖြစ်နေတယ်။ ခုမှ သူတို့ စစ်တုန်း ရှိသေးတယ်။ ဂဏန်းအရေအတွက်တွေလေ၊ အားကစားပွဲ သွားတာ ပြောတယ်၊ မြို့နယ်က လုပ်တဲ့ဟာ မဟုတ်ဘူး၊ အဲဒါတော့ ကျနော်တို့ မသိသေးဘူး။ ဘယ်ကလုပ်ပေးတာတုန်းဆိုတာ အခုမှ သူတို့ပညာရေးအဖွဲ့တွေပါ ပါသွားတယ် အကုန်သွားစစ်တယ်၊ သူ့ကျောင်းနဲ့ သူ့ဖာသာ လုပ်တာ ဖြစ်မယ်။”
စက်လှေ တိမ်းမှောက်ခဲ့တာဟာ စက်လှေနဲ့ လူတင်တာ ဝန်မမျှလို့ တိမ်းမှောက်တာ ဖြစ်နိုင်ကြောင်းနဲ့ အခုလုပ်တဲ့ ကျောင်းသားစုံညီ ပွဲတော်ဆိုတာကလည်း ဒေသတွင်းက ကျောင်းသားတွေ စုပေါင်းအားကစားပွဲ ပြုလုပ်တာသာ ဖြစ်ပြီး မြို့နယ် ပညာရေးဌာနက ဦးစီးကျင်းပတဲ့ပွဲ မဟုတ်ဘူးလို့ သိရပါတယ်။|
|
အီးမေးလ်ပို့ရန် |
|
|
ဤအကြောင်းကို ရယူရန် |
|
|
သတင်းလွှာမှာယူရန် |
|
|
ပုံနှိပ်ရန်... |
|
|
ဤအေုကာင်းကို မ္တွဝေရန် |
တံတားနီ နှစ်ပတ်လည် အထိမ်းအမှတ်ကျင်းပ
ကျောင်းပြန်တက်ခွင့်ရရေး ဥပဒေ နည်းလမ်းနဲ့လုပ်ဖို့ အကြံပြု
ခေတ်အဆက်ဆက် ကျောင်းသား ခေါင်းဆောင်တွေ တွေ့ဆုံ
အချင်းချင်း ရိုင်းပင်းကူညီဖို့ နိုင်ငံရေး အကျဉ်းသားဟောင်းများ တွေ့ဆုံ
ဒေါ်အောင်ဆန်းစုကြည်နဲ့ ၈၈ မျိုးဆက်ခေါင်းဆောင်တွေ နိုင်ငံရေးဆွေးနွေး
ကိုငြိမ်းလူ ဈာပန ကျောင်းသားခေါင်းဆောင်တွေ တက်ရောက်
နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး အရှိန်အဟုန်မြင့် ဆောင်ရွက်
ကျောင်းသားတပ်မတော် ၂၃ နှစ်ပြည့် အခမ်းအနား ဖို့ဝိန်းမှာ ကျင်းပ
လွတ်ငြိမ်းချမ်းသာခွင့်နဲ့ နိုင်ငံရေးအကျဉ်းသားများ
ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ် ကျန်းမာရေးအခြေအနေ ဆိုးရွား
မှတ်ချက်များ
Click here to add your own comment