အိန္ဒိယနဲ့ မြန်မာ ပုံမှန် နယ်စပ်ကုန်သွယ်ရေး စတင်ခဲ့ပြီးနောက်ပိုင်း အိန္ဒိယဖက်ခြမ်းက က မိုးရေးမြို့ဟာ မြန်မာ ကျောင်းသူကျောင်းသားတွေအတွက် ပညာသွားရောက်သင်ကြားရာ နေရာတခု ဖြစ်လာနေတယ်လို့ သိရပါတယ်။
မြန်မာနှင့် နယ်နိမိတ်ချင်း ကပ်လျက်၊ အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်၏ မြို့တော် အင်ဖာလ်၏ လမ်းတခုတွင် ရိုးရာဝတ်စုံဖြင့် အမျိုးသမီးများကို တွေ့ရပုံ ဖြစ်ပါသည်။ (Photo: AFP)
၂၀၀၁ခုနှစ်ကစပြီး မြန်မာဖက်ခြမ်းက ကျောင်းသားတွေ မိုးရေးဖက်က ပုဂ္ဂလိက ကျောင်းတွေကို သွားရောက် ပညာသင်ကြားနေခဲ့ကြရာမှာ တနှစ်ထက်တနှစ် အရေအတွက် များပြားလာနေတယ် လို့ မဏိပူရ်ပြည်နယ် The Sagai Express သတင်းဌာနရဲ့ လေ့လာချက်က ဆိုပါတယ်။
မိုးရေးက ပုဂ္ဂလိက ကျောင်းတကျောင်းမှာ ဆိုရင် မြန်မာကျောင်းသား တရာအထက် ရှိတယ်လို့ ကျောင်းအုပ်ဆရာကြီးက ပြောပါတယ်။ ပထမတန်းကနေ ဆယ်တန်းအထိ သင်ကြားနေကြတာပါ။
မြန်မာဖက် မှာ အင်္ဂလိပ်စာ အပါအဝင် သင်ကြားရေးအစီအစဉ်တွေ မပြည့်စုံတဲ့အတွက် မိုးရေးဟာ နမ့်ဖာလုံ နဲ့ တမူးမြို့က မြန်မာကျောင်းသားတွေအတွက် ပညာရေး ဆွဲဆောင်မှုတခု ဖြစ်နေတယ်လို့လည်း ဆိုပါတယ်။
အခုဆိုရင် တမူး၊ ကလေးမြို့၊ ကလေးဝနဲ့ မန္တလေးမြို့တွေကတောင် အိန္ဒိယဖက်က အင်္ဂလိပ်ဘာသာနဲ့ ပုံနှိပ်ထုတ်ဝေတဲ့ ကျောင်းသုံးစာအုပ်တွေကို မိုးရေးကနေ ဝယ်ယူနေကြတယ်လို့ The Sagai Express သတင်းဌာနက ဖော်ပြပါတယ်။
|
|
အီးမေးလ်ပို့ရန် |
|
|
ဤအကြောင်းကို ရယူရန် |
|
|
သတင်းလွှာမှာယူရန် |
|
|
ပုံနှိပ်ရန်... |
|
|
ဤအေုကာင်းကို မ္တွဝေရန် |
၈၈ ကျောင်းသားများ အဖွဲ့ ဟိုပုံးမှာ ပညာရေးဆိုင်ရာ ဟောပြော
တံတားနီ နှစ်ပတ်လည် အထိမ်းအမှတ်ကျင်းပ
အိန္ဒိယထောက်လှမ်းရေး လက်ချက်နဲ့ သေဆုံးသူ တော်လှန်ရေးသမားများအတွက် ဆွမ်းကပ်လှူ
ကျောင်းပြန်တက်ခွင့်ရရေး ဥပဒေ နည်းလမ်းနဲ့လုပ်ဖို့ အကြံပြု
ခေတ်အဆက်ဆက် ကျောင်းသား ခေါင်းဆောင်တွေ တွေ့ဆုံ
အချင်းချင်း ရိုင်းပင်းကူညီဖို့ နိုင်ငံရေး အကျဉ်းသားဟောင်းများ တွေ့ဆုံ
အိန္ဒိယ တက္ကသိုလ်ကြီး တစ်ခုက ဒေါ်အောင်ဆန်းစုကြည်ကို ဒေါက်တာဘွဲ့ ပေးမည်
မြန်မာလူငယ်တွေနဲ့ ပြည်ပပညာသင်ဆု
ဒေါ်အောင်ဆန်းစုကြည်နဲ့ ၈၈ မျိုးဆက်ခေါင်းဆောင်တွေ နိုင်ငံရေးဆွေးနွေး
မှတ်ချက်များ
Click here to add your own comment