ဂျာမနီနိုင်ငံ ဘာလင်မြို့မှာ မေလ ၄ ရက် ဒီကနေ့ ကျင်းပတဲ့ မြန်မာ့အရေး ဆွေးနွေးပွဲကို မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းနဲ့ ဖွင့်လှစ်ခဲ့ပါတယ်။
၇ နှစ်ကြာ နေအိမ်အကျယ်ချုပ်မှ လွတ်လာပြီး နိုဝင်ဘာ ၁၄ ရက်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဌာနချုပ်ရုံးရှေ့မှ လူထု ပရိသတ်ကို ဒေါ်အောင်ဆန်းစုကြည် နှုတ်ဆက်စကား ပြောကြားနေပုံ ဖြစ်ပါသည်။ (Photo: AFP)
မြန်မာနိုင်ငံမှာ အစိုးရသစ် တက်လာတာဟာ အပြောင်းအလဲလား၊ အတုအယောင်လားဆိုတဲ့ ခေါင်းစဉ်နဲ့ ကျင်းပတဲ့ ဆွေးနွေးပွဲမှာ ပြောဆိုခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းနဲ့ ပတ်သက်ပြီး ဆွေးနွေးပွဲ တက်ရောက်နေတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) နိုင်ငံခြားရေး ဌာန ကိုယ်စားလှယ် ဦးညိုအုန်းမြင့်က RFA ကို အခုလို ပြောပါတယ်။
“ဗမာပြည်ရဲ့ ဒီမိုကရေစီဟာ တကယ်ပဲ ပြောင်းလဲမှုလား၊ ဒါမှမဟုတ်ရင် လိမ်လည်မှုလား ဆိုတဲ့အပေါ်မှာ သူ့အနေနဲ့ အဲဒီအပေါ်မှာ စိတ်မဝင်စားနိုင်ပါဘူး။ ဒါပေမဲ့ တကယ်လို့ ပြောင်းလဲတယ်ဆိုရင်လည်း အကောင်းဖက်ကို ပြောင်းလဲဖို့ အတွက်ကို အပြည်ပြည်ဆိုင်ရာ အထူးသဖြင့် ဒီ ဂျာမန်အစိုးရကနေပြီးတော့ ပူးပေါင်း ဆောင်ရွက်တာကို သူ့အနေနဲ့ ကျေးဇူးတင်တယ်။ အဲဒီတော့ ဒီလို ပြောင်းလဲနိုင်မှသာလျှင် အကောင်းဖက်ကို ပြောင်းဖို့ အားလုံး ဝိုင်းပြီး ကြိုးစားပါ ဆိုတာ အဓိက သူ့ရဲ့ တင်ပြသွားတဲ့ message လို့ ကျွန်တော် ထင်ပါတယ်။”
ဒီဆွေးနွေးပွဲမှာ အဖွင့်မိန့်ခွန်း ပြောဆိုခဲ့တဲ့ ဂျာမန် လူ့အခွင့်အရေး ကော်မရှင်မင်းကြီးကတော့ မြန်မာနိုင်ငံအပေါ် ထားတဲ့ စီးပွားရေးပိတ်ဆို့မှု သဘောထားနဲ့ ပတ်သက်လို့ ဂျာမနီဘက်က ပြုပြင်ပြောင်းလဲလိုတဲ့ အနေအထားမျိုး ပြောသွားတယ်လို့ ဆွေးနွေးပွဲ တက်ရောက်နေတဲ့ ပြည်ထောင်စု အမျိုးသားကောင်စီ မြန်မာနိုင်ငံရဲ့ ဥရောပကိုယ်စားလှယ် ဦးနွယ်အောင်က ပြောပါတယ်။
ဆွေးနွေးပွဲကို ဂျာမနီအခြေစိုက် Burma Initiative Asiahouse အဖွဲ့နဲ့ မြန်မာပရိုဂျက်-ဘာလင် အဖွဲ့တို့ ပူပေါင်း စီစဉ်တာပါ။ တက်ရောက်ခဲ့ကြသူ မြန်မာကိုယ်စားလှယ်တွေကတော့ ရွေးကောက်ပွဲ ဝင် ချင်းတိုးတက်ရေး ပါတီက ဦးရှင်ထွန်း၊ မြန်မာအီးဂရက်စ် အဖွဲ့ခေါင်းဆောင် ဒေါက်တာ နေဝင်းမောင်၊ Euro-Burma ရုံးက ညွှန်ကြားရေးမှူး ဦးဟန်ညောင်ဝေ၊ ပြည်ပအခြေစိုက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) က နိုင်ငံခြားရေးဌာန ကိုယ်စားလှယ် ဦးညိုအုန်းမြင့်၊ ထိုင်းနိုင်ငံအခြေစိုက် ဧရာဝတီမဂ္ဂဇင်း အယ်ဒီတာ ဦးအောင်ဇော်နဲ့ ဘာလင်အခြေစိုက် Burma Project အဖွဲ့ က ဦးခင်မောင်ရင်တို့ ပါဝင်ပါတယ်။
|
|
အီးမေးလ်ပို့ရန် |
|
|
ဤအကြောင်းကို ရယူရန် |
|
|
သတင်းလွှာမှာယူရန် |
|
|
ပုံနှိပ်ရန်... |
|
|
ဤအေုကာင်းကို မ္တွဝေရန် |
ပိတ်ဆို့မှုတွေ ပိုမိုလျှော့ပေါ့ရေး အမေရိကန် စောင့်ကြည့်နေ
မြန်မာပြည်သူတွေ စီးပွားရေး ပိတ်ဆို့မှု ကင်းလွတ်ချိန် တန်ပြီလို့ UMFCCI ဥက္ကဋ္ဌ ပြော
မြန်မာအပေါ် ပိတ်ဆို့မှု တချို့ရုပ်သိမ်းရေး အမေရိကန် စတင်ပြင်ဆင်
မြန်မာအပေါ် ဖိအားတွေ ရုပ်သိမ်းချိန် မတန်သေး
ပိတ်ဆို့မှု ရုပ်သိမ်းပေးဖို့ မလေးရှား တိုက်တွန်းမည်
ဦးတေဇရဲ့သားအကြီးနာမည် ဥရောပပိတ်ဆို့စာရင်းထဲက ပယ်ဖျက်
ပိတ်ဆို့အရေးယူမှုတွေကို ပြန်လည် ဆန်းစစ်ကြဖို့ ကုလကိုယ်စားလှယ် ပြော
မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ဖြစ်နေပြီလား
မြန်မာ့စီးပွားရေး အလားအလာ အပေါ် ပညာရှင်တွေ သုံးသပ်
မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းဖို့ စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီး ပြော
မှတ်ချက်များ
Click here to add your own comment