မနက်ပိုင်းမှာ ပိုလန်သံအမတ်ကြီး၊ နေ့လည်ပိုင်းမှာ ဗြိတိသျှကောင်စီ ညွှန်ကြားရေးမှူးနဲ့ ညနေပိုင်းမှာ ဆွီဒင်သံအမတ်ကြီးနဲ့ တွေ့ဆုံတယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရဲ့ ပြန်ကြားရေးအဖွဲ့ဝင် ဦးအုန်းကြိုင်က ပြောပါတယ်။
ဒီလိုတွေ့ဆုံရာမှာ တွေ့ဆုံတဲ့ အကြောင်းအရာနဲ့ အချက်အလက် အသေးစိတ်ကို ထုတ်ပြန် ပြောကြားခြင်း မရှိပါဘူး။