မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးအကျဉ်းသား ကိုမျိုးရန်နောင်သိန်း ဦးဆောင်တဲ့ အမျိုးသားလူငယ် ကွန်ရက် အဖွဲ့က NLD ရုံးချုပ်မှာ လာရောက် တွေ့ဆုံ ဆွေးနွေးကြောင်း သိရပါတယ်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်လူငယ်နှစ်ဦး NLD လက်ပတ်နီများ စည်းနှောင် ပြင်ဆင်နေပုံ ဖြစ်ပါသည်။ (Photo: AFP)
အဲဒီလိုတွေ့ဆုံရာမှာ လူငယ်တွေ ကွန်ရက်ဖွဲ့လှုပ်ရှားမှုနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် ဘယ်လို ဆွေးနွေးခဲ့တယ် ဆိုတာကို အဲဒီ ဆွေးနွေးပွဲမှာ ကိုယ်တိုင် တက်ရောက်သူ NLD ဗဟို အလုပ်အမှုဆောင် ဦးဝင်းထိန်က အခုလို ပြောပြ ပါတယ်။
“ကိုမျိုးရန်နောင်သိန်းက သူ့လူငယ်တွေ network လုပ်ထားတယ် ဆိုတဲ့ကိစ္စကို ဒေါ်စုကို လာပြီး တိုင်ပင်တာပါ။ တိုင်ပင်တော့ ဒေါ်စုကတော့ လူငယ်တွေ အများကြီးနဲ့ ကွန်ရက်ဖွဲ့ချင်တယ်ဆိုတဲ့ အခါကျတော့ သူပြောတဲ့ဥစ္စာတွေကို ဆောင်ရန် ရှောင်ရန်လေးတွေ ပြောလိုက်တာပေါ့ဗျာ။ ဆောင်ရန် ရှောင်ရန် ဆိုတာကတော့ လူငယ်တွေ နိုင်ငံရေး စိတ်ဝင်စားတယ် ဆိုရင်တော့ သူလည်း သဘောကျတယ်။ သဘောကျပေမဲ့ တခါတလေကျ လမ်းလွဲသွားမဲ့ ကိစ္စလေးတွေ ရှောင်ဖို့အတွက် အဲဒါ ပြောတာပါ။ ကွန်ရက်ကတော့ ကိုမျိုးရန်နောင်သိန်းတို့ရဲ့ ကွန်ရက်လို့တော့ မဆိုလိုဘူးလေ။ လူငယ်အားလုံး ကွန်ရက်ကို တတ်နိုင်သမျှ ကျယ်နိုင်သမျှ ကျယ်အောင် ချဲ့ဖို့ပဲ။ ကိုမျိုးရန်နောင်သိန်းတို့ရဲ့ ကွန်ရက်နဲ့ ပတ်သက်ပြီးတော့ ဒေါ်စုက အဓိကထား မပြောပါဘူး။ အားလုံးနဲ့ ခြုံငုံတဲ့ ကွန်ရက်မျိုးပဲ လိုလားတယ်ဆိုတဲ့ အကြောင်းကို ပြောတာပေါ့။ တခြား network တွေလည်း ရှိတာကိုး။”
ဒေါ်အောင်ဆန်းစုကြည် ပြန်လည် လွတ်မြောက်လာချိန်တုန်းက လူငယ်တွေ ကွန်ရက်ဖွဲ့ပြီး အချင်းချင်း ဆက်သွယ် လှုပ်ရှား ဆောင်ရွက်ကြဖို့ တိုက်တွန်းခဲ့တာ ရှိကြောင်းသိရပါတယ် ။
အဲဒီတိုက်တွန်းချက်အရ အမျိုးသား လူငယ်ကွန်ရက် ဆိုတာကို တည်ထောင် လုပ်ဆောင်နေတာ ဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသား ကိုမျိုးရန်နောင်သိန်းက ပြောပါတယ်။ ဒါ့အပြင် ကိုမျိုးရန်နောင်သိန်းတို့ရဲ့ အမျိုးသားလူငယ် ကွန်ရက်ဟာ မြန်မာနိုင်ငံလုံးဆိုင်ရာ လူငယ်ကွန်ရက် ဖြစ်တယ်လို့ သူတို့ရဲ့ ကြေညာချက်တွေမှာ ဖော်ပြခဲ့တာကြောင့် အငြင်းပွားမှုတွေ ဖြစ်နေကြောင်းလည်း သိရပါတယ်။
NLD ပါတီတွင်းမှာတော့ လူငယ်ကွန်ရက် သီးသန့် ဖွဲ့စည်းဖို့ စတင် လုပ်ဆောင်နေပြီး မကြာခင် NLD လူငယ်ကွန်ရက် တခု ပေါ်လာတော့မှာ ဖြစ်တယ်လို့ NLD ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်က ပြောပါတယ်။
ဒီအကြောင်းနဲ့ပတ်သက်ပြီး အမျိုးသားလူငယ် ကွန်ရက်အဖွဲ့က ကိုမျိုးရန်နောင်သိန်းနဲ့ NLD ဗဟို အလုပ်အမှုဆောင် ဦးဝင်းထိန်တို့ကို ဆက်သွယ်မေးမြန်းပြီး RFA ဝိုင်းတော်သား ကိုဉာဏ်ဝင်းအောင် စုစည်း တင်ပြထားပါတယ်။
| ဆက်သွယ်မေးမြန်းချက် |
|
| အသံဖိုင်ယူရန် |
အရည်အချင်းပြည့် ကိုယ်စားလှယ်ဖြစ်ရေး ဒေါ်အာင်ဆန်းစုကြည် တိုက်တွန်း
ILO ညီလာခံမှာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောမည်
ဒေါ်အောင်ဆန်းစုကြည် ဂုဏ်ထူးဆောင်ဘွဲ့ တခု ထပ်မံရရှိ
မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုတွေ ဆက်ထားမယ်လို့ မစ္စစ် ကလင်တန် ပြောဆို
ဒေါ်အောင်ဆန်းစုကြည် ပြည်ပခရီးစဉ် အိုင်ယာလန်နိုင်ငံ ပါဝင်
မြန်မာနိုင်ငံအတွက် ကုလသမဂ္ဂရဲ့ စီမံကိန်းမူကြမ်း ရှင်းလင်းပွဲ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်
ဒေါ်အောင်ဆန်းစုကြည် ပါတီစည်းရုံးရေးခရီးစဉ် ဓာတ်ပုံများ ပြသရောင်းချပွဲ ကျင်းပ
ဒီမိုကရေစီ အတွေ့အကြုံနှင့် စာနယ်ဇင်း သင်တန်းပို့ချ
ငြိမ်းချမ်းရေးကိစ္စ ဒေါ်အောင်ဆန်းစုကြည် ပါဝင်ဖို့ တိုင်းရင်းသားအဖွဲ့များ ဆန္ဒရှိ
မှတ်ချက်များ
Click here to add your own comment