ပါတီဖျက်သိမ်းမှုကိစ္စဖြင့် စစ်အစိုးရကို ဒေါ်အောင်ဆန်းစုကြည်တရားစွဲ

2010-10-05

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ကို စစ်အစိုးရက ပယ်ဖျက်လိုက်တာနဲ့ ပတ်သက်ပြီး၊ ပါတီအထွေထွေ အတွင်းရေးမှူးအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်က အောက်တိုဘာ ၅ ရက် ဒီကနေ့ ဗဟိုတရားရုံးမှာ အမှုတင်ပြပြီး တရားစွဲဆိုလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ် အကျယ်ချုပ် ကျခံနေရတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်စား ရှေ့နေ ဦးဉာဏ်ဝင်းက ဗဟိုတရားရုံးမှာ ဒီကနေ့ မနက်ပိုင်းက တင်ပြခဲ့တာဖြစ်ပါတယ်။

(Photo: AFP)

ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေ ဦးဉာဏ်ဝင်း အောက်တိုဘာ ၅ ရက်နေ့က ဗဟိုတရားရုံးချုပ် အပြင်တွင် သတင်းသမားများနှင့် တွေ့ဆုံရှင်းလင်း ပြောကြားနေပုံ ဖြစ်ပါသည်။ NLD ပါတီကို စစ်အစိုးရက ဖျက်သိမ်းကြောင်း ကြေညာသဖြင့် စစ်အစိုးရအား NLD အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်က တရားစွဲဆိုခြင်း ဖြစ်သည်။ (Photo: AFP)

NLD ပါတီကို ရွေးကောက်ပွဲ ဥပဒေအသစ်အရ မှတ်ပုံပြန်မတင်တဲ့ အတွက် စစ်အစိုးရ ရွေးကောက်ပွဲ ကော်မရှင်သစ်က စက်တင်ဘာလ ၁၅ ရက်နေ့က ဖျက်သိမ်းကြောင်း ကြေညာခဲ့ပါတယ်။ စစ်အစိုးရရဲ့ ဒီဆောင်ရွက်မှုအပေါ်မှာ ပြန်လည် တရားစွဲဆိုတာ ဖြစ်တယ်လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

“ဥပဒေအဟောင်းအရ ရရှိ ခံစားထိုက်တဲ့ အခွင့်အရေး ဖြစ်တယ်။ ဒီလို ပယ်ဖျက်လို့ မရဘူး။ နောက်တခုက အခု ပြဋ္ဌာန်းတဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေမှာ ပြဋ္ဌာန်းချက်တွေဟာ နောက်ကြောင်းပြန် အကျိုးသက်ရောက်စေရမယ်လို့ ကျွန်တော်တို့ ဒီလို မပါဘူး။ မပါတဲ့အတွက်လည်း ကျွန်တော်တို့အပေါ်မှာ အကျိုးသက်ရောက်မှု မရှိဘူး။ အဲဒီ ဥပဒေ အချက်အလက်တွေပေါ်မှာ အခြေပြုပြီးတော့ ကျွန်တော်တို့ ပါတီအပေါ်မှာ အကျိုးသက်ရောက်မှု မရှိကြောင်း နအဖ၊ နဝတ အဆက်ဆက် ဝန်ခံ ကတိပြုထားတဲ့ ဥပဒေအရလည်း ပါတဲ့ ကျွန်တော်တို့ လွှတ်တော် ခေါ်ယူပေးဖို့ အဲဒါကို ကျွန်တော်တို့ ဒီနေ့ တရားစွဲတင်ပါတယ်။”

ပြီးခဲ့တဲ့ ဧပြီလတုန်းကလည်း NLD ပါတီအနေနဲ့ အလားတူစစ်အစိုးရကို တရားစွဲဆိုခဲ့ပေမဲ့ လုပ်ထုံး လုပ်နည်းနဲ့ မညီဆိုတဲ့ အကြောင်းပြချက်နဲ့ ပယ်ချခံခဲ့ရပါတယ်။ ဦးဉာဏ်ဝင်းကတော့ တရားဥပဒေ စိုးမိုးရေးကို ရှေ့ရှုတယ်ဆိုရင်တော့ အခုတင်တဲ့ ကိစ္စဟာ အောင်မြင်နိုင်တယ်လို့ RFAကို ပြောဆိုပါတယ်။

ဒီကနေ့ ညနေပိုင်းမှာ ဗဟိုတရားရုံးချုပ်ကို ထပ်ပြီး သွားရောက်ခဲ့ပေမဲ့ အမှုကို မှတ်ပုံတင်ဌာနက မှတ်ပုံတင်ပေးခြင်း မရှိသေးဘူးလို့ သိရပါတယ်၊ မိနစ်၃၀ လောက် စောင့်နေပြီးတဲ့ အချိန်မှ နေ့လည်ပိုင်းကို ထပ်ပြီးလာဖို့ ချိန်းလိုက်တယ်လို့ သိရပါတယ်။

ဗဟိုတရားရုံးက ပြန်လာတဲ့ဦးဉာဏ်ဝင်းကို ဗန်ကောက်မြို့ရောက် RFA အဖွဲ့သား ဦးတင်အောင်ခိုင်က ဆက်သွယ် မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်

မှတ်ချက်များ

Click here to add your own comment

ဤသတင်းနှင့်ပတ်သက်၍

နားထောင်ရန်
အသံဖိုင်ယူရန
အီးမေးလ်ပို့ရန်
ဤအကြောင်းကို ရယူရန်
သတင်းလွှာမှာယူရန်
ပုံနှိပ်ရန်...
ဤအေုကာင်းကို မ္တွဝေရန်

ဆက်နွယ်သောသတင်းများ

အရည်အချင်းပြည့် ကိုယ်စားလှယ်ဖြစ်ရေး ဒေါ်အာင်ဆန်းစုကြည် တိုက်တွန်း

ILO ညီလာခံမှာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောမည်

ဒေါ်အောင်ဆန်းစုကြည် ဂုဏ်ထူးဆောင်ဘွဲ့ တခု ထပ်မံရရှိ

မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုတွေ ဆက်ထားမယ်လို့ မစ္စစ် ကလင်တန် ပြောဆို

ဒေါ်အောင်ဆန်းစုကြည် ပြည်ပခရီးစဉ် အိုင်ယာလန်နိုင်ငံ ပါဝင်

မြန်မာနိုင်ငံအတွက် ကုလသမဂ္ဂရဲ့ စီမံကိန်းမူကြမ်း ရှင်းလင်းပွဲ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်

ဒေါ်အောင်ဆန်းစုကြည် ပါတီစည်းရုံးရေးခရီးစဉ် ဓာတ်ပုံများ ပြသရောင်းချပွဲ ကျင်းပ

ဒီမိုကရေစီ အတွေ့အကြုံနှင့် စာနယ်ဇင်း သင်တန်းပို့ချ

ငြိမ်းချမ်းရေးကိစ္စ ဒေါ်အောင်ဆန်းစုကြည် ပါဝင်ဖို့ တိုင်းရင်းသားအဖွဲ့များ ဆန္ဒရှိ

ဒေါ်အောင်ဆန်းစုကြည်နဲ့ ပိုလန် ၀န်ကြီး စာနယ်ဇင်းပွဲ တက်ရောက်