လူ့အခွင့်အရေး အမှတ်အသားတံဆိပ် Logo တခု ဖြစ်ပေါ်လာရေးအတွက် ဒီဇိုင်းပြိုင်ပွဲတခုကို ဂျာမနီနိုင်ငံက ဦးဆောင်ပြီး မေလ ၃ ရက် မနေ့က စတင်လိုက်ရာမှာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လည်း ဆုအတွက် အကဲဖြတ်ဒိုင်အဖြစ် ပါဝင်တယ်လို့ သိရပါတယ်။
၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့ ညနေက ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီးနောက် စောင့်မျှော်ကြိုဆိုနေသူများကို နေအိမ်ခြံတံခါးမှ နှုတ်ဆက်နေစဉ်။ (Photo: AFP)
ဒီအမှတ်အသား တံဆိပ်ဟာ တကမ္ဘာလုံးကို ကိုယ်စားပြုနိုင်မဲ့ ငြိမ်းချမ်းရေးနဲ့ မေတ္တာတရားတွေကို ပေါ်လွင်စေတဲ့ သင်္ကေတမျိုး ဖြစ်ဖို့ လိုကြောင်း သိရပါတယ်။ အသစ်တီထွင်မဲ့ လူ့အခွင့်အရေးတံဆိပ်ကို ရွေးချယ်ဖို့ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ အခြားကော်မတီဝင် ၂၈ ဦးတို့ ပါဝင်မှာ ဖြစ်ပါတယ်။ အကောင်းဆုံးတံဆိပ် ၁၀ ခုကို ပဏာမအနေနဲ့ ရွေးချယ်မှာ ဖြစ်ပါတယ်၊ အဲဒီနောက် အင်တာနက်ပေါ်မှာ မဲပေးတဲ့စနစ်နဲ့ လူကြိုက်အများဆုံး တံဆိပ် တခုကို ဆန်ခါတင် ထပ်မံ ရွေးချယ်မယ်လို့ သိရပါတယ်။
လူ့အခွင့်အရေးနဲ့ ပတ်သက်လာရင် လူတွေ ပိုသိလာအောင် အမြဲပဲ ကြိုးစားလုပ်နေရမှာပါပဲလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
လူ့အခွင့်အရေး တံဆိပ်အတွက် ဒီဇိုင်းပညာရှင် ဘယ်သူမဆို ဝင်ရောက် ယှဉ်ပြိုင်နိုင်ပြီး မိမိတို့ တီထွင်ထားတဲ့ ဒီဇိုင်းကို ဇူလိုင် ၃၁ ရက် နောက်ဆုံးထားပြီး HumanRightsLogo.net ဆိုတဲ့ အင်တာနက်စာမျက်နှာကို ပေးပို့ ယှဉ်ပြိုင်နိုင်ကြောင်း သိရပါတယ်။
အရွေးချယ်ခံရတဲ့ ဆုရှင်အမည်စာရင်းကိုတော့ လာမဲ့ စက်တင်ဘာလမှာ ကြေညာမှာ ဖြစ်ပြီး ဆုကြေးငွေအဖြစ် အမေရိကန်ဒေါ်လာ ၇,၀၀၀ ကျော်နဲ့ ညီမျှတဲ့ ဥရောပယူရိုငွေ ၅,၀၀၀ ကို ချီးမြှင့်သွားမယ်လို့ သိရပါတယ်။
|
|
အီးမေးလ်ပို့ရန် |
|
|
ဤအကြောင်းကို ရယူရန် |
|
|
သတင်းလွှာမှာယူရန် |
|
|
ပုံနှိပ်ရန်... |
|
|
ဤအေုကာင်းကို မ္တွဝေရန် |
မြန်မာများရဲ့ ရုပ်ပုံလွှာ ပန်းချီပြပွဲ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်
ဆန္ဒပြခွင့်ဥပဒေကြမ်း ပြည်သူ့လွှတ်တော် အတည်ပြု
သက်မွေးဝမ်းကျောင်း လုပ်ခွင့် ပြန်ရဖို့ NLD ကူညီမည်
အလုပ်သမားအခွင့်ရေးဆိုင်ရာ ဆွေးနွေးပွဲ ထန်းတပင်မှာ ပြုလုပ်
မြန်မာစာပေဟောပြောပွဲ တောင်ကိုရီးယားမှာ ကျင်းပ
ဘရိုက်တန်မြို့လယ်မှာ ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ပြု နံရံပန်းချီများ ရေးဆွဲ
တိုင်းရင်းသားများအတွက် ဥရောပ အမတ်များ တိုက်တွန်း
လူ့အခွင့်အရေးချိုးဖောက်မှုများ ရှိနေဆဲဟု အထူးကိုယ်စားလှယ်သုံးသပ်
မှတ်ချက်များ
Click here to add your own comment